[Unicode]

Redmi 8 ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကတည်းက ဈေးကွက်ထဲကို ရောက်ခဲ့တာပါ။ အရောင်က Onyx Black, Ruby Red, Sapphire Blue ဆိုပြီး သုံးရောင်ရှိပါတယ်။ အခုတော့ တရုတ်နိုင်ငံဈေးကွက်ထဲမှာ စတုတ္ထမြောက်အရောင်အဖြစ် Phantom Red ကို စတင်ရောင်းချနေပြီလို့ သိရပါတယ်။

Redmi 8 Phantom Red အရောင်သစ်ကတော့ 4GB of RAM နဲ့ သိုလှောင်မှု 64GB သီးသန့်ပဲ ရမယ်လို့ သိရပါတယ်။ ဈေးကွက်အလိုက် (Fairy Green, Sapphire Blue and Carbon Ash) ဆိုပြီး ကွဲပြားနေတာလည်း တွေ့ရပါတယ်။ အိန္ဒိယဈေးကွက်မှာတော့ Redmi 8 Phantom Red ကို Ruby Red အနေနဲ့ ရောင်းချတယ်လို့ သိရပါတယ်။

တရုတ်ဈေးကွက်မှာတော့ Redmi 8 Phantom Red 4GB/64GB ဟာ ယွမ်ငွေ ၇၉၉ယွမ် (၁၁၅ ဒေါ်လာဝန်းကျင်) မြန်မာငွေနဲ့ဆို ၁သိန်း ၇သောင်းဝန်းကျင် နဲ့ ဝယ်ယူနိုင်မှာပါ။ ရိုးရိုး Redmi 8 3GB/32GB ကတော့ ၆၉၉ယွမ် (ဒေါ်လာ ၁၀၀ဝန်းကျင်) မြန်မာငွေနဲ့ဆို ၁သိန်းခွဲဝန်းကျင်လောက် ဖြစ်ပါတယ်။

Redmi 8 ဟာ 6.22-inch IPS LCD မျက်နှာပြင်နဲ့ဖြစ်ပြီး Waterdrop notch နဲ့အတူ 8MP selfie ကင်မရာ ပါဝင်ပါတယ်။ ကျောဘက်မှာတော့ 12MP (Sony IMX363) အဓိကကင်မရာနဲ့ 2MP depth sensor တို့ တပ်ဆင်ထားပါတယ်။ Snapdragon 439 SoC ဖြစ်ပြီး ဘက်ထရီပမာဏကတော့ 5,000mAh ဖြစ်ပါတယ်။

Ref: GSM Arena

[Zawgyi]

တ႐ုတ္ေဈးကြက္မွာ ေရာင္းခ်ၿပီျဖစ္တဲ့ Redmi 8 Phantom Red အေရာင္သစ္

Redmi 8 ဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာကတည္းက ေဈးကြက္ထဲကို ေရာက္ခဲ့တာပါ။ အေရာင္က Onyx Black, Ruby Red, Sapphire Blue ဆိုၿပီး သုံးေရာင္ရွိပါတယ္။ အခုေတာ့ တ႐ုတ္ႏိုင္ငံေဈးကြက္ထဲမွာ စတုတၳေျမာက္အေရာင္အျဖစ္ Phantom Red ကို စတင္ေရာင္းခ်ေနၿပီလို႔ သိရပါတယ္။

Redmi 8 Phantom Red အေရာင္သစ္ကေတာ့ 4GB of RAM နဲ႔ သိုေလွာင္မႈ 64GB သီးသန႔္ပဲ ရမယ္လို႔ သိရပါတယ္။ ေဈးကြက္အလိုက္ (Fairy Green, Sapphire Blue and Carbon Ash) ဆိုၿပီး ကြဲျပားေနတာလည္း ေတြ႕ရပါတယ္။ အိႏၵိယေဈးကြက္မွာေတာ့ Redmi 8 Phantom Red ကို Ruby Red အေနနဲ႔ ေရာင္းခ်တယ္လို႔ သိရပါတယ္။

တ႐ုတ္ေဈးကြက္မွာေတာ့ Redmi 8 Phantom Red 4GB/64GB ဟာ ယြမ္ေငြ ၇၉၉ယြမ္ (၁၁၅ ေဒၚလာဝန္းက်င္) ျမန္မာေငြနဲ႔ဆို ၁သိန္း ၇ေသာင္းဝန္းက်င္ နဲ႔ ဝယ္ယူႏိုင္မွာပါ။ ႐ိုး႐ိုး Redmi 8 3GB/32GB ကေတာ့ ၆၉၉ယြမ္ (ေဒၚလာ ၁၀၀ဝန္းက်င္) ျမန္မာေငြနဲ႔ဆို ၁သိန္းခြဲဝန္းက်င္ေလာက္ ျဖစ္ပါတယ္။

Redmi 8 ဟာ 6.22-inch IPS LCD မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး Waterdrop notch နဲ႔အတူ 8MP selfie ကင္မရာ ပါဝင္ပါတယ္။ ေက်ာဘက္မွာေတာ့ 12MP (Sony IMX363) အဓိကကင္မရာနဲ႔ 2MP depth sensor တို႔ တပ္ဆင္ထားပါတယ္။ Snapdragon 439 SoC ျဖစ္ၿပီး ဘက္ထရီပမာဏကေတာ့ 5,000mAh ျဖစ္ပါတယ္။

Ref: GSM Arena