Zawgyi

Redmi 8A ကိုမိတ္ဆက္ခဲ့တာ ႏွစ္ပတ္ေျမာက္တဲ့အခါမွာေတာ့ Redmi 8 ကိုပါ ႀကိဳတင္ေၾကညာထားတဲ့အတုိင္း မိတ္ဆက္လာခဲ့ပါၿပီ။ ဒီဖုန္းႏွစ္လုံးမွာ အေျခခံ Specs ေတြ ဆင္တူေပမယ့္ Redmi 8 ကေတာ့ Xiaomi ရဲ႕ Aura Mirror ဒီဇုိင္းအသစ္နဲ႔ Glass ကိုယ္ထည္၊ Dual-camera တုိ႔နဲ႔အတူ မန္မုိရီေရြးခ်ယ္စရာ Combo အသစ္ေတြပါဝင္လာပါတယ္။

ေရွ႕ဘက္မွာ 6.22” HD+ IPS LCD မ်က္ႏွာျပင္ပါဝင္ၿပီး 8MP f/2.0 Selfie ကင္မရာေလးအတြက္ Notch တစ္ခုနဲ႔ ျဖစ္ပါတယ္။ ေနာက္ဘက္မွာ 12MP f/1.8 Sony IMX 363 Sensor ကို 2MP Depth Sensor နဲ႔ေပါင္းထားတဲ့ Dual-camera အတြဲ ပါဝင္ၿပီး သူ႕ကင္မရာရဲ႕ AI ျမင္ကြင္းသိမွတ္စနစ္က ရႈေမွ်ာ္ခင္း၊ သစ္ပင္၊ အိမ္ေမြးတိရစာၦန္ စတဲ့ မတူညီတဲ့ Profile ၃၃ မ်ဳိးကို ခြဲျခားသိရွိႏုိင္တယ္လုိ႔ ဆုိတယ္။ ေနာက္ကင္မရာရဲ႕ေအာက္မွာေတာ့ Fingerprint ကို ျမင္ရမွာပါ။

Redmi 8A မွာတုန္းကလို Snapdragon 439 ခ်စ္ပ္ဆက္ကိုပဲ ဆက္အသုံးျပဳလာေပမယ့္ 4GB RAM မန္မုိရီထိ ေရြးခ်ယ္ႏုိင္လာသလို၊ Storage ကလည္း 64GB ထိ ရွိလာပါတယ္။ ဘကၳရီပိုင္းမွာ 5,000 mAh ဘကၳရီႀကီးကို 18W Fast Charging စနစ္ထိ ေထာက္ပံ့ေပးေပမယ့္ ဘူးထဲမွာေတာ့ 10W အားသြင္းႀကိဳးသာ ထည့္ေပးမွာပါ။

Redmi 8 စမတ္ဖုန္းဟာ Sapphire Blue, Onyx Black နဲ႔ Ruby Red ဆုိၿပီး ကာလာသုံးမ်ဳိးေရြးခ်ယ္ႏုိင္ကာ 3/32GB ေမာ္ဒယ္ကို အိႏၵိယရူပီး ၇၉၉၉ (ျမန္မာေငြ တစ္သိန္းခုနစ္ေသာင္းဝန္းက်င္) သတ္မွတ္ထားပါတယ္။ 4/64GB ေမာ္ဒယ္ကေတာ့ အိႏၵိယရူပီး ၈၉၉၉ (ျမန္မာေငြ တစ္သိန္းကုိးေသာင္းေက်ာ္) က်သင့္မွာပါ။ အိႏၵိယေစ်းကြက္မွာေတာ့ ေအာက္တုိဘာ ၁၂ ရက္ေန႔ကစၿပီး ေစ်းကြက္ထဲ ျဖန္႔ခ်ိလာမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Redmi 8A ကိုမိတ်ဆက်ခဲ့တာ နှစ်ပတ်မြောက်တဲ့အခါမှာတော့ Redmi 8 ကိုပါ ကြိုတင်ကြေညာထားတဲ့အတိုင်း မိတ်ဆက်လာခဲ့ပါပြီ။ ဒီဖုန်းနှစ်လုံးမှာ အခြေခံ Specs တွေ ဆင်တူပေမယ့် Redmi 8 ကတော့ Xiaomi ရဲ့ Aura Mirror ဒီဇိုင်းအသစ်နဲ့ Glass ကိုယ်ထည်၊ Dual-camera တို့နဲ့အတူ မန်မိုရီရွေးချယ်စရာ Combo အသစ်တွေပါဝင်လာပါတယ်။

ရှေ့ဘက်မှာ 6.22” HD+ IPS LCD မျက်နှာပြင်ပါဝင်ပြီး 8MP f/2.0 Selfie ကင်မရာလေးအတွက် Notch တစ်ခုနဲ့ ဖြစ်ပါတယ်။ နောက်ဘက်မှာ 12MP f/1.8 Sony IMX 363 Sensor ကို 2MP Depth Sensor နဲ့ပေါင်းထားတဲ့ Dual-camera အတွဲ ပါဝင်ပြီး သူ့ကင်မရာရဲ့ AI မြင်ကွင်းသိမှတ်စနစ်က ရှုမျှော်ခင်း၊ သစ်ပင်၊ အိမ်မွေးတိရစ္ဆာန် စတဲ့ မတူညီတဲ့ Profile ၃၃ မျိုးကို ခွဲခြားသိရှိနိုင်တယ်လို့ ဆိုတယ်။ နောက်ကင်မရာရဲ့အောက်မှာတော့ Fingerprint ကို မြင်ရမှာပါ။

Redmi 8A မှာတုန်းကလို Snapdragon 439 ချစ်ပ်ဆက်ကိုပဲ ဆက်အသုံးပြုလာပေမယ့် 4GB RAM မန်မိုရီထိ ရွေးချယ်နိုင်လာသလို၊ Storage ကလည်း 64GB ထိ ရှိလာပါတယ်။ ဘက္ထရီပိုင်းမှာ 5,000 mAh ဘက္ထရီကြီးကို 18W Fast Charging စနစ်ထိ ထောက်ပံ့ပေးပေမယ့် ဘူးထဲမှာတော့ 10W အားသွင်းကြိုးသာ ထည့်ပေးမှာပါ။

Redmi 8 စမတ်ဖုန်းဟာ Sapphire Blue, Onyx Black နဲ့ Ruby Red ဆိုပြီး ကာလာသုံးမျိုးရွေးချယ်နိုင်ကာ 3/32GB မော်ဒယ်ကို အိန္ဒိယရူပီး ၇၉၉၉ (မြန်မာငွေ တစ်သိန်းခုနစ်သောင်းဝန်းကျင်) သတ်မှတ်ထားပါတယ်။ 4/64GB မော်ဒယ်ကတော့ အိန္ဒိယရူပီး ၈၉၉၉ (မြန်မာငွေ တစ်သိန်းကိုးသောင်းကျော်) ကျသင့်မှာပါ။ အိန္ဒိယဈေးကွက်မှာတော့ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး ဈေးကွက်ထဲ ဖြန့်ချိလာမှာဖြစ်ပါတယ်။

Ref – GSM Arena