Xiaomi Indonesia က စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Redmi 8A Pro လို့ နာမည်ပေးထားပြီး Redmi 8A Dual ကို နာမည်ပြောင်းထားတာဖြစ်နိုင်ပါတယ်။ Redmi 8A Pro မှာ ၆.၂၂ လက်မ HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ Snapdragon 439 Chipset မောင်းနှင်ထားပြီး 2GB or 3GB RAM ထုတ်လုပ်ထားပါတယ်။ 16GB or 32GB Storage ရွေးချယ်နိုင်ပြီး microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။ သီးခြား SIM Slot ၂ ခု တပ်ဆင်ထားပါတယ်။

အရွယ်အစား ကြီးမားတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး 18W Fast Charge ထောက်ပံ့ထားပါတယ်။ Type-C Port ပါလာပေမယ့် 10W Charger ပဲပါတာက သိပ်မမိုက်ပါဘူး။ အရွယ်အစား အပြည့်အစုံမှာ 156.5 x 75.4 x 9.4 mm ဖြစ်ပြီး P2i Splash-proof Coating ထည့်ထားပါတယ်။ Aura XGrip Design Texture ကို အနောက်ဘက်မှာ ဖန်တီးထားပြီး 3.5mm Audio Jack တပ်ဆင်ထားပါတယ်။

Redmi 8A Pro ကို ကုမ္ပဏီရဲ့ Indonesia Website မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး အပြာ၊ အညိုနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ် ဖြစ်တဲ့ 2GB/16GB Version ကို IDR1,549,000 သတ်မှတ်ထားပြီး ၉၃ ဒေါ်လာလောက်ရှိပါတယ်။ 3GB/32GB Version ကို IDR1,649,000 သတ်မှတ်ထားပြီး ၉၉ ဒေါ်လာလောက်ရှိပါတယ်။ မြန်မာငွေ ၁ သိန်း ၃ သောင်းနဲ့ ၁ သိန်း ၄ သောင်းလောက်ပဲရှိပါတယ်။

Ref : gsmarena