Zawgyi

အခုႏွစ္အတြင္းမွာ Xiaomi ရဲ႕ Redmi အမွတ္တံဆိပ္ခြဲဟာ ေျပာင္းလဲတုိးတက္မႈေတြနဲ႔အတူ အာရုံစုိက္ခံခဲ့ရတဲ့ စမတ္ဖုန္းစီးရီးတစ္ခုျဖစ္လာခဲ့ပါတယ္။ လက္ရွိမွာ Redmi Note 8 နဲ႔ Note 8 Pro တုိ႔ကို ေၾကညာမိတ္ဆက္ထားခဲ့ၿပီး စက္တင္ဘာလအတြင္းမွာ ထြက္ရွိလာမွာျဖစ္ေပမယ့္ Redmi 8 နဲ႔ Redmi 8A ဆုိတဲ့ မိသားစုဝင္ႏွစ္ေယာက္အေၾကာင္းကိုေတာ့ ေသေသခ်ာခ်ာမသိရေသးပါ။

သို႔ေသာ္လည္း Redmi 8A ဟန္းဆက္ကေတာ့ TENAA ဝက္ဆုိက္ေပၚသို႔ စတင္ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ စမတ္ဖုန္းေတြရဲ႕အခ်က္အလက္ေတြကို မွတ္တမ္းတင္ရတဲ့ ဝက္ဆုိက္ေပၚမွာ ေလာေလာဆယ္ေတာ့ Redmi 8A ရဲ႕ ေမာ္ဒယ္ဒီဇုိင္းဓါတ္ပုံေတြကိုသာ ျမင္ရေသးၿပီး က်န္တဲ့အခ်က္အလက္ေတြကို မျဖည့္ရေသးပါဘူး။

ဒါေပမယ့္ ဟန္းဆက္ရဲ႕ဒီဇုိင္းကိုပါ ထုတ္ေဖာ္ျပသလာၿပီျဖစ္တဲ့အတြက္ မၾကာခင္မွာ အသိအမွတ္ျပဳခံဖို႔ ေသခ်ာၿပီး အမ်ားေရွ႕ကို မိတ္ဆက္လာဖို႔လည္း နီးကပ္လာတဲ့ သေဘာျဖစ္ပါတယ္။ Redmi 8A ရဲ႕ ပုံေတြထဲမွာ အလြန္ေသးငယ္တဲ့ Notch တစ္ခုပါဝင္တာကိုေတြ႕ရၿပီး ေနာက္ေက်ာက ပလပ္စတစ္ သို႔မဟုတ္ သတၳဳကိုယ္ထည္ပဲ ျဖစ္မွာပါ။

ေနာက္ဘက္မွာ ကင္မရာအတြက္ အနည္းငယ္ပိုထူတဲ့ေနရာေလးကို ေတြ႕ရၿပီး အထဲမွာ Sensor တစ္လုံးတည္း ထည့္သြင္းထားတာကိုျမင္ရပါတယ္။ ဖုန္းရဲ႕ခလုတ္ေတြအားလုံးကို ညာဘက္မွာသာ ထားရွိတာကိုလည္း ေတြ႕ရပါတယ္။

၂၀၁၉ ေႏွာင္းပိုင္းထဲ ဝင္လာတာနဲ႔ အားလပ္ရက္ရာသီအမွီ စမတ္ဖုန္းေတြနဲ႔ နည္းပညာထုတ္ကုန္သစ္ေတြ အၾကိတ္အနယ္မိတ္ဆက္လာေတာ့မွာပါ။ Redmi 8 စီးရီးရဲ႕ မိသားစုဝင္ေတြကိုလည္း မၾကာခင္ ေတြ႕ျမင္ရေတာ့မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

အခုနှစ်အတွင်းမှာ Xiaomi ရဲ့ Redmi အမှတ်တံဆိပ်ခွဲဟာ ပြောင်းလဲတိုးတက်မှုတွေနဲ့အတူ အာရုံစိုက်ခံခဲ့ရတဲ့ စမတ်ဖုန်းစီးရီးတစ်ခုဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ Redmi Note 8 နဲ့ Note 8 Pro တို့ကို ကြေညာမိတ်ဆက်ထားခဲ့ပြီး စက်တင်ဘာလအတွင်းမှာ ထွက်ရှိလာမှာဖြစ်ပေမယ့် Redmi 8 နဲ့ Redmi 8A ဆိုတဲ့ မိသားစုဝင်နှစ်ယောက်အကြောင်းကိုတော့ သေသေချာချာမသိရသေးပါ။

သို့သော်လည်း Redmi 8A ဟန်းဆက်ကတော့ TENAA ဝက်ဆိုက်ပေါ်သို့ စတင်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေရဲ့အချက်အလက်တွေကို မှတ်တမ်းတင်ရတဲ့ ဝက်ဆိုက်ပေါ်မှာ လောလောဆယ်တော့ Redmi 8A ရဲ့ မော်ဒယ်ဒီဇိုင်းဓါတ်ပုံတွေကိုသာ မြင်ရသေးပြီး ကျန်တဲ့အချက်အလက်တွေကို မဖြည့်ရသေးပါဘူး။

ဒါပေမယ့် ဟန်းဆက်ရဲ့ဒီဇိုင်းကိုပါ ထုတ်ဖော်ပြသလာပြီဖြစ်တဲ့အတွက် မကြာခင်မှာ အသိအမှတ်ပြုခံဖို့ သေချာပြီး အများရှေ့ကို မိတ်ဆက်လာဖို့လည်း နီးကပ်လာတဲ့ သဘောဖြစ်ပါတယ်။ Redmi 8A ရဲ့ ပုံတွေထဲမှာ အလွန်သေးငယ်တဲ့ Notch တစ်ခုပါဝင်တာကိုတွေ့ရပြီး နောက်ကျောက ပလပ်စတစ် သို့မဟုတ် သတ္ထုကိုယ်ထည်ပဲ ဖြစ်မှာပါ။

နောက်ဘက်မှာ ကင်မရာအတွက် အနည်းငယ်ပိုထူတဲ့နေရာလေးကို တွေ့ရပြီး အထဲမှာ Sensor တစ်လုံးတည်း ထည့်သွင်းထားတာကိုမြင်ရပါတယ်။ ဖုန်းရဲ့ခလုတ်တွေအားလုံးကို ညာဘက်မှာသာ ထားရှိတာကိုလည်း တွေ့ရပါတယ်။

၂၀၁၉ နှောင်းပိုင်းထဲ ဝင်လာတာနဲ့ အားလပ်ရက်ရာသီအမှီ စမတ်ဖုန်းတွေနဲ့ နည်းပညာထုတ်ကုန်သစ်တွေ အကြိတ်အနယ်မိတ်ဆက်လာတော့မှာပါ။ Redmi 8 စီးရီးရဲ့ မိသားစုဝင်တွေကိုလည်း မကြာခင် တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

Ref – GSM Arena