Redmi Note 9 တွေက ကမ္ဘာ့ဈေးကွက်အနှံ့မှာ ရောင်းချပြီးဖြစ်ပါတယ်။ ဒါကြောင့် Redmi 9 လို့ပြောလိုက်ရင် ဇဝေဇဝါနဲ့ ဖြစ်သွားစရာအကြောင်းရှိပါတယ်။ ဟုတ်ပါတယ် Note အမျိုးအစားမဟုတ်တဲ့ Redmi 9 တွေအကြောင်းပါ။ အဲဒါတွေကတော့ Redmi 9, Redmi 9A နဲ့ Redmi 9C တို့ပဲ ဖြစ်ပါတယ်။

တွစ်တာမှာ ထွက်ပေါ်လာတဲ့ သတင်းယိုစိမ့်မှုတစ်ခုအရ Redmi 9 မိသားစုဝင် မော်ဒယ်သုံးမျိုးအကြောင်း သိလာရတာပါ။ ဒီ Redmi 9 မိသားစုဟာ နာမည်သုံးမျိုးနဲ့ ဟန်းဆက်မျိုးကွဲ ၄ မျိုးပါဝင်တာကို သိရပါတယ်။ ဟန်းဆက်တွေအားလုံးကတော့ 6.53-inch LCD မျက်နှာပြင်တွေကိုယ်စီနဲ့ ဖြစ်ပါတယ်။ အရှေ့ဘက်မျက်နှာပြင်က Selfie ကင်မရာဟာ 5MP ဖြစ်ပြီး 5,000mAh ဘက်ထရီတွေတပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

ဒီမိသားစုထဲမှာ Redmi 9A ဟာ ဈေးအသက်သာဆုံးအမျိုးအစား ဖြစ်ပါတယ်။ Redmi 8A ဟာ ဈေးသက်သာတဲ့ Redmi 8 မိသားစုဝင်ဖြစ်ခဲ့သလိုပဲ 9A ကလည်း အစဉ်အလာအတိုင်း ခြေရာနင်းလာတယ်လို့ ဆိုရပါလိမ့်မယ်။ အနောက်ဘက်မှာတော့ 13MP အဓိကကင်မရာတစ်လုံးပဲ ပါဝင်မှာပါ။ Helio G25 Chipset အသုံးပြုထားပြီး 3GB of RAM နဲ့ 32GB Storage တို့ တွဲဖက်ထားတယ်လို့လည်း သိရပါတယ်။

Redmi 9 ကတော့ Helio G70 နဲ့ဖြစ်ပါတယ်။ ကျောဘက်မှာ 13MP+8MP+5MP+2MP ကင်မရာလေးလုံးကို တပ်ဆင်ထားမယ်လို့လည်း သိရပါတယ်။ 4GB of RAM နဲ့ 64GB storage ကို တွဲဖက်ထားပြီး ဈေးနှုန်းက €160 and €180 (၂ သိန်းခွဲကနေ ၂ သိန်း ၈ သောင်းကြား) ဖြစ်နိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

Redmi 9C ကတော့ အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ NFC မပါတဲ့ မျိုးကွဲက 13MP+5MP+2MP ကင်မရာသုံးလုံးနဲ့ လာမှာဖြစ်ပြီး NFC ပါဝင်တဲ့အမျိုးအစားကတော့ 13MP+2MP ကင်မရာ နှစ်လုံးနဲ့လာမယ်လို့ ဆိုပါတယ်။ Helio G35 Chipset တွေကိုယ်စီအသုံးပြုထားမှာဖြစ်ပြီး ဈေးနှုန်းက €130-€150 (၂ သိန်းကနေ ၂ သိန်း ၃ သောင်းခွဲ) ကြား ဖြစ်မယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

အခြားအချက်အလက်တွေကတော့ ဒီ ဟန်းဆက်တွေဟာ USB-C Port တွေနဲ့ဖြစ်ပြီး ဈေးနှုန်းသင့်ဖုန်းတွေရဲ့ ထုံးစံအတိုင်း 3.5mm audio jack, IR port တွေပါဝင်မယ်လို့ ဆိုပါတယ်။ Fingerprint Scanner ကိုတော့ ဘေးဘက်မှာ တပ်ကောင်းတပ်နိုင်သလို ကျောဘက်မှာလည်း တပ်ထားနိုင်ပါတယ်။

Ref: GSM Arena