Xiaomi ကနေ ယခုအချိန်မှာ Entry Budget ဖုန်းတစ်လုံးဖြစ်တဲ့ Redmi 9 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Redmi 9 စမတ်ဖုန်းဟာ Redmi Series ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးလည်းဖြစ်လာပါပြီ။

Redmi 9 ဖုန်းက 6.53″ Full HD+ LCD Display ကိုထည့်သွင်းပေးထားပြီးတော့ Selfie Camera အတွက်ကိုတော့ Waterdrop Notch ကိုပဲ အသုံးပြုထားပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ MediaTek ရဲ့ Helio G80 Chipset ကိုထည့်သွင်းပေးထားတဲ့အတွက် စျေးနဲ့ပြန်ယှဥ်ကြည့်မယ်ဆိုရင် တော်တော်လေးကို စွမ်းဆောင်ရည်ကောင်းမွန်တယ်လို့ ပြောရမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ Quad Camera ကိုအသုံးပြုထားပြီးတော့ 13MP Primary + 8MP Ultrawide + 5MP Macro + 2MP Depth Sensor တွေကိုပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ 8MP Sensor ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်မှာလည်း Fingerprint Sensor ပါဝင်ဦးမှာပါ။

Redmi 9 စမတ်ဖုန်းဟာ Entry Level ဖုန်းတစ်လုံးဖြစ်ပေမယ့် အားသာချက်အနေနဲ့ 2.4GHz နဲ့ 5GHz Dual Band Wi-Fi ကို Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့လည်း 5020mAh Battery ပါဝင်သလို USB-C ကနေ 18W Fast Charging ကိုပါ Support ပြုလုပ်ဦးမှာပါ။ ဒါပေမယ့် ဘူးထဲမှာတော့ 10W Charger ပဲပါဝင်မှာဖြစ်တဲ့အတွက် 18W Fast Charger ကိုတော့ သီးသန့်ဝယ်ယူရဖွယ်ရှိနေပါတယ်။

စျေးနှုန်းတွေအနေနဲ့ကတော့ Redmi 9 စမတ်ဖုန်းဟာ RAM 4GB ၊ 64GB Version ကို ၇၉၉ ယွမ် (မြန်ာမာငွေ ၁ သိန်းခွဲဝန်းကျင်) ၊ RAM 4GB ၊ 128GB Version ကို ၉၉၉ ယွမ် (မြန်မာငွေ ၂ သိန်းဝန်းကျင်) နဲ့ RAM 6GB ၊ 128GB Version ကိုတော့ ၁,၁၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၃ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ရောင်းချမယ့်အချိန်ကိုတော့ လာမယ့် ဇွန်လ ၂၉ ရက်နေ့နောက်ပိုင်းမှာ စတင်ရောင်းချသွားမှာပါ။

Ref – GSM Arena