Redmi Note 8 Series ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ Redmi Note 9 , Redmi Note 9S , Redmi Note 9 Pro နဲ့ Redmi Note 9 Pro Max တို့ကို ကြေညာထားပြီးပါပြီ။ Redmi 8 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းကို မကြာခင် ကြေညာနိုင်ပါတယ်။ Redmi 9 ကို FCC မှာ မကြာခင်က မှတ်ပုံတင်ထားပြီး အခုတော့ ထိုင်းရဲ့ NBTC မှာ မှတ်ပုံတင်လိုက်ပါတယ်။

Redmi 9 (M2004J19G) ကို မကြာခင်မှာ နိုင်ငံများစွာမှာ ရောင်းချပေးတော့မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကြေညာမယ့်နေ့ကို မသိရသေးပါဘူး။ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး 5,000mAh or 5,200mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

မတ်လက ထွက်ခဲ့တဲ့ သတင်းအရ အဲဒီ ဖုန်းမှာ Helio G80 Chipset မောင်းနှင်ထားပြီး အနောက်ဘက်မှာ 13MP, 8MP, 5MP နဲ့ 2MP ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစား၊ Resolution နဲ့ ဒီဇိုင်းကို မသိရသေးပါဘူး။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ထွက်လာနိုင်ပါတယ်။

Ref : gizmochina