Xiaomi ကနေ မကြာခင်မှာ Redmi 10X အပြင် Budget စမတ်ဖုန်းတစ်လုံးဖြစ်လာမယ့် Redmi 9 ကို ပါ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ US ရဲ့ FCC Listing တွေအရ Redmi 9 စမတ်ဖုန်းရဲ့ Specification တွေကို သိရှိခဲ့ရပါတယ်။

အရင်ဆုံးအနေနဲ့ Redmi 9 စမတ်ဖုန်းဟာ Android 10 ကို အခြေခံထားတဲ့ MIUI 11 OS ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး Packaging ထဲမှာတော့ 10W Charger ကိုပဲ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် 18W Fast Charging ရရှိဖို့အတွက်ကတော့ Fast Charger ထပ်မံဝယ်ယူရမှာပါ။

Display ပိုင်းအနေနဲ့ကတော့ ကြီးမားတဲ့ 6.6″ Display ပါဝင်လာမှာဖြစ်ပြီး Dual-Band Wi-FI ကိုပါ Support ပေးသွားမှာဖြစ်ပါတယ်။ Performance ပိုင်းတော့ MediaTek Helio G70 Chipset ကို RAM 6GB ထည့်သွင်းထားမှာဖြစ်တယ်လို့ သတင်းတွေထွက်ရှိထားပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ Quad Camera Setup ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။

လက်ရှိသိရှိထားရတဲ့သတင်းတွေအရတော့ Xiaomi ကနေ Redmi 9 ဖုန်းကို လာမယ့် မေလကုန်ပိုင်းမှာတရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့တော့ တော်တော်လေးကို သက်သာလာနိုင်ပါတယ်။

Ref – Gizmo China