Redmi ဟာ Redmi 9 Power ကို လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အိန္ဒိယဈေးကွက်ထဲ မိတ်ဆက်မယ်လို့ ကောလာဟလထွက်ခဲ့ပေမယ့်၊ အခု ကုမ္ပဏီက တရားဝင်ကြေညာမှုအရ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာဖြစ်ကြောင်းကို သိရှိလိုက်ကြရပြီ ဖြစ်ပါတယ်။

Redmi က စမတ်ဖုန်းသစ်ရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေမယ့်၊ Xiaomi ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က Event page မှာ Redmi 9 Power နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် 9 Power ဟာ Waterdrop notch display နဲ့ ကျောဘက်မှာ 48MP အပါအဝင် ကင်မရာလေးလုံး ရှိနေမယ်ဆိုတာကို အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။

9 Power မှာ ကြီးမားတဲ့ ဘက်ထရီနဲ့ ပါဝါမြင့်တဲ့ Processor ကို အသုံးပြုထားမှာဖြစ်ကြောင်း Event Page က အရိပ်အမြွက်ပြောထားပါတယ်။ ဒါပေမယ့် ဘက်ထရီပမာဏနဲ့ Processor ရဲ့ အချက်အလက်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ Redmi 9 Power မှာ Hi-res Audio, stereo speakers နဲ့ အရောင်လေးမျိုး ရွေးချယ်နိုင်မယ်ဆိုတာကိုတော့ အတည်ပြုသွားခဲ့ပါတယ်။

Redmi 9 Power ဟာ Snapdragon 662SoC, 6.53-inch FullHD+ LCD မျက်နှာပြင်၊ 6,000mAh ဘက်ထရီနဲ့ Redmi Note 9 4G ကို နာမည်ပြောင်းထားတာလို့ မျှော်လင့်ရပါတယ်။ Redmi Note 9 4G ကတော့ ကျောဘက်မှာ 48MP အဓိကင်မရာ၊ 8MP ultra-wide နဲ့ 2MP depth sensor တွေကိုတပ်ဆင်ထားပြီး Selfie ကင်မရာကတော့ 8MP ဖြစ်ပါတယ်။

Ref: GSM Arena