သတင်းများစွာ ထွက်နေတဲ့ Redmi 9 Power ကို အိန္ဒိယမှာ ကြေညာလိုက်ပါပြီ။ အဲဒီဖုန်းဟာ ပြီးခဲ့တဲ့ လက တရုတ်မှာ ကြေညာခဲ့တဲ့ Redmi Note 9 4G ကို အနည်းငယ် ပြင်ဆင်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။  Redmi 9 Power မှာ ၆.၅၃ လက်မ FHD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးက 19.5:9 ဖြစ်ပါတယ်။ 400 nits Brightness အထိ ထောက်ပံ့နိုင်ပြီး မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။

Redmi 9 Power Mighty Black

အနောက်ဘက်ကို ပလတ်စတစ်နဲ့ ဖုံးအုပ်ထားပြီး ကင်မရာ ၄ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ 48MP Main , 8MP Ultrawide , 2MP Macro , 2MP Depth အနောက်ကင်မရာ ၄ လုံးနဲ့ 8MP အရှေ့ ကင်မရာ ၁ လုံး ပါလာပါတယ်။ ညာဘက်မှာ လက်ဗွေရာကိရိယာ မြှပ်နှံထားတဲ့ ပါဝါ ခလုတ်နဲ့ အသံခလုတ်တွေ တပ်ဆင်ထားပါတယ်။ Dual SIM ဖုန်း ဖြစ်ပြီး 512GB အထိ ဝင်ဆန့်တဲ့ microSD Card Slot သီးခြား ပါလာပါတယ်။ ထိပ်ဘက်မှာ IR Blaster နဲ့ အောက်ဘက်မှာ USB Type-C Port ၊ နားကြပ်ပေါက်၊ စပီကာတွေ ထည့်သွင်းထားပါတယ်။

Redmi 9 Power Blazing Blue

Snapdragon 662 Chipset ပါလာပြီး အရွယ်ကြီး 6,000mAh ဘက်ထရီနဲ့ 18W Charging ထောက်ပံ့ထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဘူးထဲမှာ 22.5W Charger ထည့်ထားတာ ဖြစ်ပြီး ELB (Enhanced Lifespan Battery) နည်းပညာ ပါတဲ့အတွက် ဘက်ထရီ သက်တမ်းဟာ ၃ နှစ်လောက်ခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Redmi 9 Power Electric Green

Redmi 9 Power မှာ 4G LTE, VoLTE, VoWiFi, dual-band WiFi 5, Bluetooth 5.0, GNSS (GPS, A-GPS, GLONASS, BeiDou) တွေ ထောက်ပံ့ထားပြီး ရေစက်ရေပေါက် မစိုစေတဲ့ Nano Coating အုပ်ထားပါတယ်။ Android 10 အခြေပြု MIUI 12 မောင်းနှင်ထားပြီး Mighty Black, Fiery Red, Electric Green နဲ့ Blazing Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 4/64GB ကို ၁၀,၉၉၉ ရူပီးနဲ့ 4/128GB ကို ၁၁,၉၉၉ ရူပီး သတ်မှတ်ထားပြီး  ၂ သိန်းနဲ့ ၂ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။  ၂၂ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gizmochina