Xiaomi ဟာ Redmi 9 စမတ်ဖုန်းသစ်ကို ဇွန်လ ၁၀ ရက်နေ့က စပိန်နိုင်ငံမှာ အရင်မိတ်ဆက်ခဲ့ပြီး အခြားဈေးကွက်တွေကို ထပ်မံချဲ့ထွင်လာပါတယ်။ မကြာသေးခင်က မလေးဈေးကွက်ကို ဝင်ရောက်လာပြီး ယနေ့မှာတော့ တရုတ်ပြည်ဈေးကွက်အတွက် အချက်အလက်တွေ ထွက်ပေါ်လာပါပြီ။

TENAA စာရင်းပေါ်မှာတော့ ဒီဖုန်းဟာ စပိန်ဈေးကွက်မှာ မိတ်ဆက်တဲ့အထဲ မပါခဲ့တဲ့ ပိုမြင့်တဲ့ မန်မိုရီ Combo နဲ့ မြင်ရပါတယ်။ Leakster တစ်ဦးကတော့ Redmi 9 ဟာ တရုတ်ဈေးကွက်ကို Configurations အသစ်နဲ့လာမှာဖြစ်တယ်လို့ ဆိုခဲ့ပြီး ကာလာအသစ်တွေကိုပါ Share လာခဲ့ပါတယ်။

စပိန်နဲ့ မလေးဈေးကွက်တွေမှာ Redmi 9 ဟာ 3/32GB နဲ့ 4/64GB နှစ်မျိုးဖြင့်သာ ရောက်ရှိခဲ့ပြီး မိခင်တရုတ်ပြည်ဈေးကွက်ကိုတော့ 4/64GB, 4/128GB, 6/128GB မော်ဒယ်တွေနဲ့ ရောင်းချမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Carbon Black, Neon Blue, Pink နဲ့ Dark Green ကာလာတွေကို ရွေးချယ်နိုင်မယ်လို့လည်း ဖော်ပြထားပြီး နိုင်ငံတကာ ဈေးကွက်မှာ Gray, Purple, Green သုံးမျိုးသာ မြင်ရပါသေးတယ်။

Xiaomi Redmi 9 မှာ 6.53” IPS LCD Display ပါဝင်ပြီး Full HD+ 1080 x 2340p Resolution နဲ့ Aspect Ratio 19.5:9 အချိုးဖြစ်ပါတယ်။ Android 10 အခြေခံ MIUI 12 နဲ့ အသုံးပြုရမှာပါ။ အတွင်းမှာတော့ MediaTek Helio G80 ချစ်ပ်ဆက် အသုံးပြုထားပါတယ်။

ဖုန်းရဲ့နောက်ဘက်မှာ Fingerprint တစ်ခုနဲ့အတူ 13MP + 8MP Ultrawide + 5MP Macro + 2MP Depth Sensor တို့နဲ့ ဖွဲ့စည်းထားတဲ့ Quad-camera ပါဝင်တယ်။ ရှေ့ဘက်မှာတော့ 8MP ဆဲလ်ဖီးကင်မရာတစ်လုံးတည်းပါ။ 5,000 mAh ဘက္ထရီကြီးကို 18W အားသွင်းစနစ်နဲ့ တွဲဖက်ထားပါတယ်။

Ref – GizmoChina