Redmi 8 ရောင်းချထားတာ ၆ လလောက်ရှိပြီ ဖြစ်တဲ့အတွက် မျိုးဆက်သစ် စမတ်ဖုန်းကို မြင်ရဖို့ နီးလာပါပြီ။ အခုတော့ Redmi 9 လို့ ထင်ရတဲ့ စမတ်ဖုန်း အသစ် ၁ လုံးရဲ့ ဓါတ်ပုံ ၁ ပုံထွက်ပေါ်လာပြီး ဖုန်း ဒီဇိုင်းကို လေ့လာခွင့်ရခဲ့ပါတယ်။

တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်ပြီး အနောက်ကင်မရာ ၄ လုံးပါလာပါတယ်။ 13MP Main , 8MP Ultrawide ,5MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်မယ်လို့ သတင်းထွက်လာပါတယ်။ အနောက်ဘက်က အလယ်နားမှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး နောက် ကင်မရာ ၁ လုံးနဲ့ LED Flash ကို ညာဘက်ဘေးမှာ ထည့်သွင်းထားတာကို ဓါတ်ပုံမှာ မြင်ရပါတယ်။ ဒါဟာ Redmi K30/Poco X2 ရဲ့ စတိုင်နဲ့ တူသွားပါတယ်။

အဲဒီ ကင်မရာ တပ်ဆင်ထားမှုဟာ မကြာခင်က ကြေညာခဲ့တဲ့ ပြိုင်ဖက်စွမ်းရည်နိမ့် ဖုန်း  Realme 6i နဲ့ တူညီနေပါတယ်။ ဒါပေမယ့် 6i ရဲ့ 48MP Main ကင်မရာဟာ Redmi 9 ရဲ့ 13MP Main ထက် ပိုသာနေပါတယ်။ ဒါပေမယ့် Macro ကင်မရာ အပိုင်းမှာ 6i ရဲ့ 2MP ထက် Redmi 9 ရဲ့ 5MP က ပိုကောင်းပါတယ်။ Ultrawide နဲ့ Depth ကင်မရာတွေက တူညီကြပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ နောက်ထပ်တူညီချက်က Chipset ဖြစ်ပြီး Redmi 9 မှာ MediaTek Helio G80 ပါမယ်လို့ သတင်းထွက်လာပါတယ်။

Ref : gsmarena