Xiaomi ဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက တရုတ်နိုင်ငံစျေးကွက်အတွက် Redmi Note 9 4G နဲ့ Redmi Note 9 5G Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် Redmi စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လာတော့မယ်လို့ သိရပါတယ်။

အဆိုပါ Redmi စမတ်ဖုန်းဟာ Model Number အနေနဲ့ M2010J19SE လို့ခေါ်ဆိုထားပြီး နာမည်အနေနဲ့ကတော့ Redmi 9T နာမည်နဲ့ ထွက်ရှိလာဖွယ်ရှိနေပါတယ်။ အဆိုပါ Redmi 9T ဖုန်းကို Thailand နိုင်ငံရဲ့ National Broadcasting and Telecommunications Commission မှာတွေ့ရှိခဲ့ရတာဖြစ်တဲ့အတွက် တရုတ်နိုင်ငံစျေးကွက်အစား Global စျေးကွက်မှာ မိတ်ဆက်လာမယ်လို့ ခန့်မှန်းရပါတယ်။

Redmi 9T ရဲ့ Model Number ဟာ မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Redmi Note 9 4G ရဲ့ Model Number နဲ့ဆင်တူနေတဲ့အတွက် ဖြစ်နိုင်တာကတော့ အဆိုပါ Redmi Note 9 4G ကိုပဲ နာမည်ပြောင်းလဲပြီး မိတ်ဆက်လာနိုင်ခြေများနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Redmi Note 9 4G နဲ့ဆင်တူတဲ့ဖုန်းတစ်လုံးကို India စျေးကွက်မှာ Redmi 9 Power နာမည်နဲ့ မိတ်ဆက်ခဲ့ပါသေးတယ်။

Redmi 9T စမတ်ဖုန်းဟာ 6.53″ IPS LCD Display ကို Waterdrop Notch Design နဲ့ ထွက်ရှိလာမှာဖြစ်ပြီး Full HD+ Resolution ရှိမှာဖြစ်ပါတယ်။ Performance အနေနဲ့ Qualcomm Snapdragon 662 Chipset ကိုမှ RAM 6GB နဲ့ 128GB Storage အထိပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံထားတဲ့ MIUI 12 ကိုပဲ အသုံးပြုလာမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 48MP + 8MP + 2MP + 2MP Quad Camera Setup ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ 6000mAh Battery ကိုမှ 18W Fast Charging ကို Support ပြုလုပ်မှာပါ။ မိတ်ဆက်မယ့်အချိန်အနေနဲ့ကတော့ လာမယ့် ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China