ပြီးခဲ့တဲ့လတုန်းက Redmi ကနေ စျေးနှုန်းအသက်သာဆုံး Redmi ဖုန်းဖြစ်တဲ့ Redmi A1 ကို India စျေးကွက်မှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Redmi A1 ဟာ စျေးနှုန်းသက်သာတဲ့အပြင် အသုံးပြုရတာပေါ့ပါးတဲ့ Android Go OS ကို ထည့်သွင်းထားတဲ့ စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

အခုလည်း Redmi ကနေ အဆိုပါ Redmi A1 ထက် အနည်းငယ်ပိုမိုကောင်းမွန်တဲ့ Redmi A1+ ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Redmi A1+ ဟာ Design ပိုင်းမှာ Redmi A1 နဲ့ဆင်တူပြီးတော့ အဓိကကွာခြားချက်အနေနဲ့ကတော့ နောက်ကျောဘက်မှာ Fingerprint Sensor ပါဝင်လာတာပဲဖြစ်ပါတယ်။

Specification တွေအနေနဲ့ကတော့ Redmi A1+ ဟာ 6.52″ HD+ Display ကို အသုံးပြုထားပြီး 120Hz Touch Sampling Rate ၊ 400nits Brightness နဲ့ 70% NTSC Color Gamut တွေကို ထောက်ပံ့ပေးထားပါတယ်။ Selfie Camera အတွက်ကတော့ Dewdrop Notch ဒီဇိုင်းကို အသုံးပြုထားတာဖြစ်ပါတယ်။

Performance ပိုင်းမှာ MediaTek Helio A22 Chipset ကို LPDDR4x RAM နဲ့ eMMC 5.1 Storage တွေကို အသုံးပြုထားပါတယ်။ Software အနေနဲ့ကတော့ Android 12 Go Edition ကိုပဲ ဆက်လက်အသုံးပြုထားမယ်လို့ သိရပါတယ်။

Camera အနေနဲ့ 8MP Primary Camera အပြင် 0.3MP Depth Camera ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပြီး 5MP Selfie Camera လည်းပါဝင်မှာဖြစ်ပါတယ်။ Storage ထပ်မံတိုးချဲ့လိုသူတွေအတွက် MicroSD Card Reader အပြင် 3.5mm Headphone Jack ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့ကတော့ 5000mAh ပါဝင်မှာဖြစ်ပြီး 10W Charging ကို ထောက်ပံ့ပေးထားပါတယ်။

Redmi A1+ ဖုန်းဟာ RAM 3GB နဲ့ 32GB Storage Version တစ်မျိုးတည်းထွက်ရှိမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ 85$ ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

Ref – Gizmo China