[Zawgyi]

လြန္ခဲ့တဲ့ ေလးလေလာက္တုန္းက Xiaomi ဟာ ေဈးႏႈန္းသက္သာတဲ့ Wireless Earbuds ေလးေတြကို မိတ္ဆက္ခဲ့ပါတယ္။ အဲဒီတုန္းက Xiaomi Mi AriDots Youth Edition ဟာ ၂၉ ေဒၚလာသာ ရွိတာေၾကာင့္ ေဈးအတန္ဆုံး Wireless Earbuds ေတြျဖစ္ခဲ့ပါတယ္။

အခုေတာ့ Redmi ရဲ႕ AirDots ေတြက ေဈးအတန္ဆုံးဆိုတဲ့ ဂုဏ္ပုဒ္ကို လႊဲေျပာင္းရယူလိုက္ၿပီလို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ Redmi AirDots ေလးေတြရဲ႕ တန္ဖိုးက ၁၅ ေဒၚလာ (ျမန္မာေငြ ၂ ေသာင္း ၃ ေထာင္ဝန္းက်င္) မို႔လို႔ပါပဲ။ ေဈးႏႈန္းကသာ တစ္ဝက္နီးပါးေလာက္ ေလ်ာ့သြားေပမယ့္ သုံးႏိုင္မယ့္ Features ေတြကေတာ့ အတူတူပဲလို႔ သိရပါတယ္။

ဒီ Buds ေတြဟာ Bluetooth 5.0 နဲ႔ ခ်ိတ္ဆက္လို႔ရသလို ပတ္ဝန္းက်င္က ဆူညံမႈေတြကို ေလွ်ာ့ခ်ေပးမယ့္ Built-in DSP လည္း ပါဝင္ပါတယ္။ Touch controls ပိုင္းကလည္း ပါဝင္ၿပီး ႏွစ္ခ်က္ထိလိုက္ရင္ Voice Assistant ေပးလို႔ရၿပီျဖစ္ပါတယ္။ iPhone ရဲ႕ Siri, Android မွာဆိုရင္ Google Assistant ေတြနဲ႔လည္း အလုပ္လုပ္ႏိုင္တယ္လို႔လည္း သိရပါတယ္။

ဒီ AirDots ေတြကို အသုံးျပဳႏိုင္တဲ့အခ်ိန္က ၄ နာရီျဖစ္ၿပီး Case ပါသယ္သြားမယ္ဆိုရင္ေတာ့ ၁၂ နာရီအထိ အသုံးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။ Buds ေတြမွာ 40mAh ဘက္ထရီကိုတပ္ဆင္ထားၿပီး အားသြင္းခ်ိန္ကေတာ့ တစ္နာရီခြဲ ျဖစ္ပါတယ္။ Case မွာေတာ့ 300mAh ဘက္ထရီ သုံးထားၿပီး အားသြင္းခ်ိန္ကေတာ့ ၂ နာရီလို႔ ဆိုပါတယ္။

Bud တစ္ခုရဲ႕ အေလးခ်ိန္က 4.1g ပဲရွိပါတယ္။ ဒီ Redmi AirDots ေလးေတြကို လာမယ့္ ဧၿပီလ ၉ ရက္ေန႔ကစၿပီး တ႐ုတ္ျပည္တြင္းမွာ ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။ အေရာင္အားျဖင့္ အနက္ေရာင္ တစ္ေရာင္ပဲ ရွိတယ္ဆိုေပမယ့္ ဒီေဈးနဲ႔ဆိုရင္ေတာ့ အေရာင္ေ႐ြးမေနသင့္ဘူးလို႔ ထင္ပါတယ္။

Ref: GSMArena

၁၅ဒေါ်လာပဲရှိတဲ့ AirDots လေးတွေကို Redmi ကြေညာ

[Unicode]

လွန်ခဲ့တဲ့ လေးလလောက်တုန်းက Xiaomi ဟာ ဈေးနှုန်းသက်သာတဲ့ Wireless Earbuds လေးတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီတုန်းက Xiaomi Mi AriDots Youth Edition ဟာ ၂၉ ဒေါ်လာသာ ရှိတာကြောင့် ဈေးအတန်ဆုံး Wireless Earbuds တွေဖြစ်ခဲ့ပါတယ်။

အခုတော့ Redmi ရဲ့ AirDots တွေက ဈေးအတန်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်းရယူလိုက်ပြီလို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ Redmi AirDots လေးတွေရဲ့ တန်ဖိုးက ၁၅ ဒေါ်လာ (မြန်မာငွေ ၂ သောင်း ၃ ထောင်ဝန်းကျင်) မို့လို့ပါပဲ။ ဈေးနှုန်းကသာ တစ်ဝက်နီးပါးလောက် လျော့သွားပေမယ့် သုံးနိုင်မယ့် Features တွေကတော့ အတူတူပဲလို့ သိရပါတယ်။

ဒီ Buds တွေဟာ Bluetooth 5.0 နဲ့ ချိတ်ဆက်လို့ရသလို ပတ်ဝန်းကျင်က ဆူညံမှုတွေကို လျှော့ချပေးမယ့် Built-in DSP လည်း ပါဝင်ပါတယ်။ Touch controls ပိုင်းကလည်း ပါဝင်ပြီး နှစ်ချက်ထိလိုက်ရင် Voice Assistant ပေးလို့ရပြီဖြစ်ပါတယ်။ iPhone ရဲ့ Siri, Android မှာဆိုရင် Google Assistant တွေနဲ့လည်း အလုပ်လုပ်နိုင်တယ်လို့လည်း သိရပါတယ်။

ဒီ AirDots တွေကို အသုံးပြုနိုင်တဲ့အချိန်က ၄ နာရီဖြစ်ပြီး Case ပါသယ်သွားမယ်ဆိုရင်တော့ ၁၂ နာရီအထိ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ Buds တွေမှာ 40mAh ဘက်ထရီကိုတပ်ဆင်ထားပြီး အားသွင်းချိန်ကတော့ တစ်နာရီခွဲ ဖြစ်ပါတယ်။ Case မှာတော့ 300mAh ဘက်ထရီ သုံးထားပြီး အားသွင်းချိန်ကတော့ ၂ နာရီလို့ ဆိုပါတယ်။

Bud တစ်ခုရဲ့ အလေးချိန်က 4.1g ပဲရှိပါတယ်။ ဒီ Redmi AirDots လေးတွေကို လာမယ့် ဧပြီလ ၉ ရက်နေ့ကစပြီး တရုတ်ပြည်တွင်းမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ အရောင်အားဖြင့် အနက်ရောင် တစ်ရောင်ပဲ ရှိတယ်ဆိုပေမယ့် ဒီဈေးနဲ့ဆိုရင်တော့ အရောင်ရွေးမနေသင့်ဘူးလို့ ထင်ပါတယ်။

Ref: GSMArena