[Zawgyi]

၂၀၁၉ ခုႏွစ္မွာ 5G Phone မ်ားစြာ ထြက္ေပၚလာမွာ ျဖစ္ပါတယ္။ ယခု က်င္းပေနတဲ့ Mobile World Congress Shanghai 2019 မွာ နည္းပညာ ကုမၸဏီမ်ားက သူတို႔ရဲ႕ 5G နည္းပညာမ်ား၊ 5G Phone မ်ားကို အသားေပး ေၾကညာေနၾကပါတယ္။ ေရွာင္မီကလည္း အဲဒီပြဲမွာ ပါ၀င္ ျပသေနပါတယ္။

အဲဒီပြဲမွာ Redmi ရဲ႕ အႀကီးအကဲက “ 4G ဟာ လူေတြရဲ႕ ဘ၀ကို ေျပာင္းလဲေစခဲ့ၿပီး 5G က လူသားတစ္မ်ိဳးႏြယ္လံုးကို ေျပာင္းလဲေပးမွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။ သူက လူသားမ်ားရဲ႕ အက်ိဳးစီးပြား အခြင့္အလမ္း အသစ္မ်ားကို 5G နည္းပညာက ပံ့ပိုးေပးမယ္လို႔ ေျပာပါတယ္။ Black Shark ကလည္း 5G Phone ကို ဖန္တီးေနၿပီး Black Shark 5G ကို အနာဂတ္မွာ ထုတ္လုပ္ေရာင္းခ်မယ္လို႔ သူ႔ရဲ႕ လူမႈကြန္ရက္မ်ားမွာ ပို႔စ္တင္ခဲ့ပါတယ္။ ဘယ္အခ်ိန္မွာ ေရာင္းခ်မလဲ ဆိုတာကို မသိရေသးပါဘူး။

တရုတ္မွာ 5G လိုင္စင္မ်ားကို မိုဘိုင္း ေအာ္ပေရတာမ်ားအား ခ်ထားေပးၿပီးပါၿပီ။  Mobile World Congress Shanghai 2019 မွာ ေရွာင္မီရဲ႕ ဒုတိယ ဥကၠဌ Lu Weibing က Mi Mix 3 5G ကို မၾကာခင္ ေရာင္းခ်ေတာ့မယ္လို႔ ေျပာပါတယ္။ သူက “ 5G နည္းပညာဟာ တစ္ကမာၻလံုးကို လႊမ္းျခံဳေတာ့မွာပါ။  လာမယ့္ႏွစ္ကုန္မွာ ၿမိဳ႕ႀကီးအားလံုးမွာ ရရွိေတာ့မွာပါ။ လာမယ့္ႏွစ္ ဒုတိယႏွစ္၀က္မွာ 5G Devices မ်ားရဲ႕ ေစ်းႏႈန္းဟာ ယြမ္ ၂၀၀၀ ( ၂၉၁ ေဒၚလာ၀န္းက်င္)သာ ရွိေတာ့မွာပါ။ “ လို႔ ေျပာပါတယ္။

Mobile World Congress Shanghai 2019 မွာ 5G Phone မ်ားကို ေၾကညာခဲ့ၾကပါတယ္။ ZTE က  Nubia X 5G ကို မိတ္ဆက္လိုက္ပါတယ္။ Lenovo Z6 Pro 5G Edition ကိုလည္း ေၾကညာသြားခဲ့ပါတယ္။ Honor ကလည္း ဒီႏွစ္ကုန္မွာ စြမ္းရည္ျမင့္ 5G Phone ကို ေရာင္းခ်မယ္လို႔ ေျပာပါတယ္။

Ref: gsmarena

[Unicode]

5G Phone များကို ဖန်တီးနေတဲ့ Redmi နဲ့ Black Shark

၂၀၁၉ ခုနှစ်မှာ 5G Phone များစွာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ယခု ကျင်းပနေတဲ့ Mobile World Congress Shanghai 2019 မှာ နည်းပညာ ကုမ္ပဏီများက သူတို့ရဲ့ 5G နည်းပညာများ၊ 5G Phone များကို အသားပေး ကြေညာနေကြပါတယ်။ ရှောင်မီကလည်း အဲဒီပွဲမှာ ပါဝင် ပြသနေပါတယ်။


အဲဒီပွဲမှာ Redmi ရဲ့ အကြီးအကဲက “ 4G ဟာ လူတွေရဲ့ ဘဝကို ပြောင်းလဲစေခဲ့ပြီး 5G က လူသားတစ်မျိုးနွယ်လုံးကို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ သူက လူသားများရဲ့ အကျိုးစီးပွား အခွင့်အလမ်း အသစ်များကို 5G နည်းပညာက ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။ Black Shark ကလည်း 5G Phone ကို ဖန်တီးနေပြီး Black Shark 5G ကို အနာဂတ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်များမှာ ပို့စ်တင်ခဲ့ပါတယ်။ ဘယ်အချိန်မှာ ရောင်းချမလဲ ဆိုတာကို မသိရသေးပါဘူး။

တရုတ်မှာ 5G လိုင်စင်များကို မိုဘိုင်း အော်ပရေတာများအား ချထားပေးပြီးပါပြီ။ Mobile World Congress Shanghai 2019 မှာ ရှောင်မီရဲ့ ဒုတိယ ဥက္ကဌ Lu Weibing က Mi Mix 3 5G ကို မကြာခင် ရောင်းချတော့မယ်လို့ ပြောပါတယ်။ သူက “ 5G နည်းပညာဟာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံတော့မှာပါ။ လာမယ့်နှစ်ကုန်မှာ မြို့ကြီးအားလုံးမှာ ရရှိတော့မှာပါ။ လာမယ့်နှစ် ဒုတိယနှစ်ဝက်မှာ 5G Devices များရဲ့ ဈေးနှုန်းဟာ ယွမ် ၂၀၀၀ ( ၂၉၁ ဒေါ်လာဝန်းကျင်)သာ ရှိတော့မှာပါ။ “ လို့ ပြောပါတယ်။

Mobile World Congress Shanghai 2019 မှာ 5G Phone များကို ကြေညာခဲ့ကြပါတယ်။ ZTE က Nubia X 5G ကို မိတ်ဆက်လိုက်ပါတယ်။ Lenovo Z6 Pro 5G Edition ကိုလည်း ကြေညာသွားခဲ့ပါတယ်။ Honor ကလည်း ဒီနှစ်ကုန်မှာ စွမ်းရည်မြင့် 5G Phone ကို ရောင်းချမယ်လို့ ပြောပါတယ်။

Ref: gsmarena