Zawgyi

Redmi ရဲ႕ Note 8 ဖုန္းအသစ္ေတြဟာ လာမယ့္ၾသဂုတ္ ၂၉ ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာျဖစ္ၿပီး ထြက္ရွိဖို႔ နီးကပ္လာတာနဲ႔အမွ် ကုမၸဏီအႀကီးအကဲေတြကလည္း ဟန္းဆက္အသစ္ေတြရဲ႕ Spec ေတြကို တစ္ခုခ်င္းစီ Tease လုပ္၊ ထုတ္ျပလာၾကပါတယ္။

ၿပီးခဲ့တဲ့ အားလပ္ရက္မွာ Redmi ရဲ႕တရားဝင္အေကာင့္ကေရာ၊ အမွတ္တံဆိပ္မန္ေနဂ်ာ Lu Weibing ကပါ သူတုိ႔ရဲ႕ Weibo စာမ်က္ႏွာေတြမွာ ဖုန္းအသစ္ေတြမွာ ပါလာမယ့္ ခ်စ္ပ္ဆက္ေတြကို ေၾကညာေပးခဲ့ပါတယ္။ သူတုိ႔အဆုိအရ Redmi Note 8 ဖုန္းမွာ Snapdragon 665 ပါဝင္လာမွာျဖစ္ၿပီး Redmi Note 8 Pro ကေတာ့ Mediatek ရဲ႕ Helio G90T ကိုအသုံးျပဳလာတဲ့ ပထမဆုံးဟန္းဆက္ေတြထဲက တစ္ခုျဖစ္လာမွာပါ။

အရင္ရက္ေတြက ထြက္ခဲ့တဲ့ Render ပုံေတြ၊ Teaser ေတြေၾကာင့္ ဒီဖုန္းမွာ Quad-camera ပါမယ္ ဆုိတာလည္း သိခဲ့ရၿပီးပါၿပီ။ သူတုိ႔ၾကာျမင့္စြာ ေၾကာ္ျငာေနတဲ့ 64MP ကင္မရာကိုလည္း Note 8 Pro ရဲ႕ ေနာက္ေက်ာမွာ ျမင္ရမွာျဖစ္ပါတယ္။ တရားဝင္ Teaser ထဲမွာလည္း ပုံမွန္ Redmi Note 8 ရဲ႕ေနာက္ဘက္မွာ 48MP Sensor အသုံးျပဳမယ္လို႔ ဆုိထားပါတယ္။

အခုခ်ိန္မွာေတာ့ Redmi Note 8 နဲ႔ Note 8 Pro တုိ႔အတြက္ တရားဝင္ေစ်းႏႈန္းကို မိတ္ဆက္မယ့္အခ်ိန္မွာ ေစာင့္ေမွ်ာ္ၾကည့္ရႈဖို႔ပဲ က်န္ပါေတာ့တယ္။ ယခင္မ်ဳိးဆက္ Redmi Note 7 တုန္းက တရုတ္ယြမ္ ၉၉၉ (ျမန္မာေငြ ႏွစ္သိန္းႏွစ္ေသာင္းခန္႔) သာက်သင့္ခဲ့တာေၾကာင့္ မ်ဳိးဆက္သစ္ေတြမွာလည္း ဒီေစ်းႏႈန္းနဲ႔ အရမ္းမကြာခဲ့ရင္ စမတ္ဖုန္းေစ်းကြက္အတြက္ ရုတ္ရုတ္သဲသဲျဖစ္လာဦးမွာပါပဲ။

Ref – GSM Arena

Unicode

Redmi ရဲ့ Note 8 ဖုန်းအသစ်တွေဟာ လာမယ့်သြဂုတ် ၂၉ ရက်နေ့မှာ မိတ်ဆက်လာတော့မှာဖြစ်ပြီး ထွက်ရှိဖို့ နီးကပ်လာတာနဲ့အမျှ ကုမ္ပဏီအကြီးအကဲတွေကလည်း ဟန်းဆက်အသစ်တွေရဲ့ Spec တွေကို တစ်ခုချင်းစီ Tease လုပ်၊ ထုတ်ပြလာကြပါတယ်။

ပြီးခဲ့တဲ့ အားလပ်ရက်မှာ Redmi ရဲ့တရားဝင်အကောင့်ကရော၊ အမှတ်တံဆိပ်မန်နေဂျာ Lu Weibing ကပါ သူတို့ရဲ့ Weibo စာမျက်နှာတွေမှာ ဖုန်းအသစ်တွေမှာ ပါလာမယ့် ချစ်ပ်ဆက်တွေကို ကြေညာပေးခဲ့ပါတယ်။ သူတို့အဆိုအရ Redmi Note 8 ဖုန်းမှာ Snapdragon 665 ပါဝင်လာမှာဖြစ်ပြီး Redmi Note 8 Pro ကတော့ Mediatek ရဲ့ Helio G90T ကိုအသုံးပြုလာတဲ့ ပထမဆုံးဟန်းဆက်တွေထဲက တစ်ခုဖြစ်လာမှာပါ။

အရင်ရက်တွေက ထွက်ခဲ့တဲ့ Render ပုံတွေ၊ Teaser တွေကြောင့် ဒီဖုန်းမှာ Quad-camera ပါမယ် ဆိုတာလည်း သိခဲ့ရပြီးပါပြီ။ သူတို့ကြာမြင့်စွာ ကြော်ငြာနေတဲ့ 64MP ကင်မရာကိုလည်း Note 8 Pro ရဲ့ နောက်ကျောမှာ မြင်ရမှာဖြစ်ပါတယ်။ တရားဝင် Teaser ထဲမှာလည်း ပုံမှန် Redmi Note 8 ရဲ့နောက်ဘက်မှာ 48MP Sensor အသုံးပြုမယ်လို့ ဆိုထားပါတယ်။

အခုချိန်မှာတော့ Redmi Note 8 နဲ့ Note 8 Pro တို့အတွက် တရားဝင်ဈေးနှုန်းကို မိတ်ဆက်မယ့်အချိန်မှာ စောင့်မျှော်ကြည့်ရှုဖို့ပဲ ကျန်ပါတော့တယ်။ ယခင်မျိုးဆက် Redmi Note 7 တုန်းက တရုတ်ယွမ် ၉၉၉ (မြန်မာငွေ နှစ်သိန်းနှစ်သောင်းခန့်) သာကျသင့်ခဲ့တာကြောင့် မျိုးဆက်သစ်တွေမှာလည်း ဒီဈေးနှုန်းနဲ့ အရမ်းမကွာခဲ့ရင် စမတ်ဖုန်းဈေးကွက်အတွက် ရုတ်ရုတ်သဲသဲဖြစ်လာဦးမှာပါပဲ။

Ref – GSM Arena