[Zawgyi]

MediaTek က Helio G90 နဲ႔ Helio G90T လို႔ ေခၚတဲ့ Gaming Chipset ေတြကို မေန႔က ေၾကညာခဲ့ပါတယ္။ အဲဒီ မိတ္ဆက္ပြဲကို Redmi ရဲ႕ ဒါရိုက္တာ Lu Weibing တက္ေရာက္ခဲ့ပါတယ္။ ပြဲၿပီးလို႔ သိပ္မၾကာခင္မွာပဲ သူက ၀ီဘိုမွာ လႈပ္လႈပ္ခတ္ခတ္ ျဖစ္ေအာင္ လုပ္လိုက္ပါတယ္။ Redmi ဟာ Helio G90T Gaming Chipset ပါတဲ့ ဖုန္း ၁ လံုး ထုတ္မွာ ျဖစ္ၿပီး ကမာၻအ၀န္းမွာ ေရာင္းမယ္လို႔ Weibing က ေၾကညာလိုက္ပါတယ္။

Helio G90T Gaming Chipset ပါတဲ့ Redmi Smartphone ရဲ႕ သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ ဒါေပမယ့္ Chipset ရဲ႕ သတင္းအခ်က္အလက္ေတြကိုေတာ့ သိေနရပါၿပီ။ Chipset မွာ Cortex-A76 Cores ၂ လံုးနဲ႔ Cortex-A55 Cores ၆ လံုး ပါပါတယ္။ Mali-G76 GPU နဲ႔ တြဲဖက္ထားပါတယ္။ Chipset ကို 12nm FinFET Process နဲ႔ တည္ေဆာက္ထားပါတယ္။ Clocking Speed ဟာ 2.05 GHz အထိရွိၿပီး RAM 10GB အထိ စိုက္ႏိုင္မွာပါ။

MediaTek က အဲဒီ Chipset ကို ဂိမ္းကစားဖုိ႔အတြက္ အထူး ဖန္တီးထားတယ္လို႔ ေၾကညာထားတဲ့ အတြက္ Redmi ဟာ Gaming Smartphone ၁ လံုး ထုတ္လုပ္မယ္လို႔ ထင္ရပါတယ္။ nubia, Black Shark နဲ႔ iQOO တို႔လို ဘရန္းခြဲေတြကလည္း Gaming Smartphone ေတြ ထုတ္လုပ္ထားပါတယ္။ ဒါေပမယ့္ Helio G90T Chipset ဟာ ေစ်းခ်ိဳတဲ့ ေမာ္ဒယ္ ျဖစ္တဲ့ အတြက္ Redmi ရဲ႕ Gaming Smartphone ဟာ ROG Phone II နဲ႔ nubia Red Magic 3 တို႔လို စြမ္းရည္ျမင့္ Gaming Smartphone ေတြကို ယွဥ္ႏုိင္မယ့္ပံု မေပၚပါဘူး။

Ref : gsmarena

[Unicode]

Redmi က Helio G90T Gaming Chipset ပါတဲ့ ဖုန်း ၁ လုံး ထုတ်မယ်လို့ အတည်ပြု

MediaTek က Helio G90 နဲ့ Helio G90T လို့ ခေါ်တဲ့ Gaming Chipset တွေကို မနေ့က ကြေညာခဲ့ပါတယ်။ အဲဒီ မိတ်ဆက်ပွဲကို Redmi ရဲ့ ဒါရိုက်တာ Lu Weibing တက်ရောက်ခဲ့ပါတယ်။ ပွဲပြီးလို့ သိပ်မကြာခင်မှာပဲ သူက ဝီဘိုမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်အောင် လုပ်လိုက်ပါတယ်။ သူက Redmi ဟာ Helio G90T Gaming Chipset ပါတဲ့ ဖုန်း ၁ လုံး ထုတ်မှာ ဖြစ်ပြီး ကမ္ဘာအဝန်းမှာ ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။

Helio G90T Gaming Chipset ပါတဲ့ Redmi Smartphone ရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ဒါပေမယ့် Chipset ရဲ့ သတင်းအချက်အလက်တွေကိုတော့ သိနေရပါပြီ။ Chipset မှာ Cortex-A76 Cores ၂ လုံးနဲ့ Cortex-A55 Cores ၆ လုံး ပါပါတယ်။ Mali-G76 GPU နဲ့ တွဲဖက်ထားပါတယ်။ Chipset ကို 12nm FinFET Process နဲ့ တည်ဆောက်ထားပါတယ်။ Clocking Speed ဟာ 2.05 GHz အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ 10GB RAM အထိ G90T က ထောက်ပံ့ပေးပါတယ်။

MediaTek က အဲဒီ Chipset ကို ဂိမ်းကစားဖို့အတွက် အထူး ဖန်တီးထားတယ်လို့ ကြေညာထားတဲ့ အတွက် Redmi ဟာ Gaming Smartphone ၁ လုံး ထုတ်လုပ်မယ်လို့ ထင်ရပါတယ်။ nubia, Black Shark နဲ့ iQOO တို့လို ဘရန်းခွဲတွေကလည်း Gaming Smartphone တွေ ထုတ်လုပ်ထားပါတယ်။ ဒါပေမယ့် Helio G90T Chipset ဟာ ဈေးချိုတဲ့ မော်ဒယ် ဖြစ်တဲ့ အတွက် Redmi ရဲ့ Gaming Smartphone ဟာ ROG Phone II နဲ့ nubia Red Magic 3 တို့လို စွမ်းရည်မြင့် Gaming Smartphone တွေကို ယှဉ်နိုင်မယ့်ပုံ မပေါ်ပါဘူး။

Ref : gsmarena