Xiaomi ဟာ လက်ရှိအချိန်မှာ Gaming ပိုင်းအတွက် Gaming Laptop တွေအပြင် Gaming Monitor တွေကိုပါ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ ထူးထူးခြားခြား Gaming ပိုင်းကို ဦးစားပေးထားတဲ့ Smart TV အသစ်ကိုပါ တရားဝင်မိတ်ဆက်လိုက်ပါပြီ။

အခု Xiaomi ကနေ မိတ်ဆက်လိုက်တဲ့ Gaming TV ကိုတော့ Redmi Brand အောက်ကနေ မိတ်ဆက်ခဲ့တာဖြစ်ပြီး Redmi Gaming TV X Pro လို့ နာမည်ပေးထားပါတယ်။ အဆိုပါ Gaming TV ကို အရွယ်အစားအနေနဲ့ 65″ နဲ့ 75″ ဆိုပြီး ၂ မျိုးထုတ်လုပ်ထားမှာဖြစ်ပါတယ်။

Gaming TV ဖြစ်တဲ့အတွက် Redmi Gaming TV X Pro ဟာ 120Hz Refresh ပါဝင်မှာဖြစ်ပြီး 120Hz MEMC ကိုလည်း ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Variable Refresh Rate (VRR) Support ဖြစ်သလို 4096-Level အထိ Brightness ကို ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ VRR နည်းပညာကြောင့် Screen ရဲ့ Refresh Rate ကို ဂိမ်းရဲ့ Refresh Rate နဲ့ ကိုက်ညီအောင် ညှိပေးနိုင်ပြီး Screen Tearing ဖြစ်မှုကို လျော့ချပေးနိုင်မယ်လို့ သိရပါတယ်။

Redmi Gaming TV X Pro ဟာ 4K Resolution ရှိမှာဖြစ်ပြီး 94% DCI-P3 Color Gamut ကိုထောက်ပံ့ပေးထားသလို Dolby Vision ၊ Dolby Atmos တွေကိုလည်း ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဂိမ်းကို ဖွင့်လိုက်တာနဲ့ Low Latency Mode ကို အလိုအလျောက် Enable ပြုလုပ်ပေးမှာဖြစ်သလို Game Latency ကို ပိုမိုကောင်းမွန်စေဖို့အတွက် မလိုအပ်တဲ့ Function တွေကို ပိတ်ပေးသွားမှာဖြစ်ပါတယ်။

Redmi Gaming TV X Pro ဟာ စျေးနှုန်းအနေနဲ့ 65″ မော်ဒယ်က ၂,၉၉၉ ယွမ် (ဒေါ်လာ ၄၁၄ ဝန်းကျင်) နဲ့ 75″ မော်ဒယ်က ၄,၂၉၉ ယွမ် (ဒေါ်လာ ၆၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref – Gizmo China