Redmi K40 Series ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး ဈေးအကြီးဆုံး မော်ဒယ်မှာ Qualcomm ရဲ့ အသစ်စက်စက် Snapdragon 888 Chipset ပါမယ်ဆိုတာ သိထားပြီးသားပါ။ အခုတော့ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က နောက်ထွက်မယ့် MediaTek Dimensity Chipset  ပါတဲ့ Redmi K40 မော်ဒယ် ၁ လုံး ထွက်လာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Lu Weibing post on Weibo

Dimensity 1200 (MT6893) ဖြစ်နိုင်ပြီး MediaTek ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Chipset လို့ ပြောနေကြပါတယ်။ ဒီလ ၂၀ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး အစောပိုင်း Benchmarks တွေအရ စွမ်းဆောင်ရည်ဟာ အရင်နှစ်ထုတ် Snapdragon 865 Chipset  လောက်ရှိပါတယ်။

Redmi GM hints at upcoming MediaTek Dimensity 1200 powered Redmi K40

နောက်ဆုံးရထားတဲ့  သတင်းအရ နောက်ထုတ်မယ့် 6nm Dimensity 1200 Chip မှာ 3GHz Cortex-A78 Main CPU Core ၁ လုံး၊ 2.6GHz A78 Core ၃ လုံးနဲ့ 2GHz Cortex-A55 Core ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Mali-G77 GPU မောင်းနှင်ထားမှာ ဖြစ်ပြီး အဲဒီ SoC ဟာ LPDDR5 RAM နဲ့ UFS 3.1 Storage ကို ထောက်ပံ့နိုင်ပါတယ်။

အရင်နှစ်ထုတ် Redmi K30 Ultra မှာ စွမ်းဆောင်ရည်မြင့် Dimensity 1000+ နဲ့ K30 Pro မှာ Snapdragon 865 တို့ ထည့်သွင်းထားကြပြီး ဒီနှစ်ထွက်မယ့် Redmi K40 Series တွေမှာလည်း အလားတူ မျိူးဆက်သစ် Chipset တွေ ပါလာနိုင်ပါတယ်။

Ref : gsmarena