[Zawgyi]

Redmi K20 Pro ကို ေရာင္းေပးထားတာ လအနည္းငယ္ၾကာပါၿပီ။ တျခား ႏုိင္ငံေတြမွာ Xiaomi Mi 9T Pro နာမည္နဲ႔ ေရာင္းေပးထားေပမယ့္ အိႏၵိယမွာေတာ့ Redmi Brand အေနနဲ႔သာ မိတ္ဆက္ထားပါတယ္။ အခုေတာ့ အိႏၵိယမွာ Redmi K20 Pro အတြက္ Android 10 ရရွိသြားပါၿပီ။ Update ရရွိတဲ့ ဖုန္းေတြမွာ OTA Notification ကို ရရွိမွာပါ။

Android 10 အေျချပဳ MIUI 10 အေနနဲ႔ ထြက္လာတာ ျဖစ္ၿပီး UI ကို ဆန္းသစ္ထားပါတယ္။ Notifications ေတြကို ျပသေပးတဲ့ ဧရိယာ က်ယ္လာၿပီး Dark Mode ပါလာပါတယ္။ Settings App ကို ဆန္းသစ္ထားၿပီး Menus ေတြက ရိုးရွင္းလာပါတယ္။ UI မွာ Water နဲ႔ Sand Sounds ေတြ အပါအ၀င္  Sound Effect အသစ္ေတြ ပါလာပါတယ္။ Forest, Night, Beach, Drizzle (Rain) နဲ႔ Fire တို႔လို သင့္ကို အိပ္ေပ်ာ္ေအာင္ ကူညီေပးမယ့္ Sounds အနည္းငယ္လည္း ထည့္သြင္းထားပါတယ္။

MIUI ဟာ 18:9 Aspect Ratio ပါတဲ့ Full-screen Displays ေတြမွာ အသံုးျပဳလို႔ ေကာင္းမြန္ေအာင္ ဖန္တီးထားပါတယ္။ Tall Screens ေတြမွာ ပိုၾကည့္လို႔ေကာင္းေအာင္ Recent Apps ကို အလ်ားလိုက္ မျပသေတာ့ဘဲ ေဒါင္လိုက္ ျပသေပးလာပါတယ္။  Xiaomi က Android 10 အေျချပဳ MIUI Beta Version ကို ဖန္တီးေပးထားတာ ၾကာပါၿပီ။ အခုေတာ့ Final Version ကို စတင္ ျဖန္႔ခ်ိေပးေနၿပီ ျဖစ္ပါတယ္။

Xiaomi က MIUI 11 ကိုလည္း မၾကာခင္ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ MIUI 11 ကို Mi Mix Alpha နဲ႔အတူ မိတ္ဆက္မယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gsmarena

[Unicode]

အိန္ဒိယမှာ Redmi K20 Pro အတွက် Android 10 ရပြီ

Redmi K20 Pro ကို ရောင်းပေးထားတာ လအနည်းငယ်ကြာပါပြီ။ တခြား နိုင်ငံတွေမှာ Xiaomi Mi 9T နာမည်နဲ့ ရောင်းပေးထားပေမယ့် အိန္ဒိယမှာတော့ Redmi Brand အနေနဲ့သာ မိတ်ဆက်ထားပါတယ်။ အခုတော့ အိန္ဒိယမှာ Redmi K20 Pro အတွက် Android 10 ရရှိသွားပါပြီ။ Update ရရှိတဲ့ ဖုန်းတွေမှာ OTA Notification ကို ရရှိမှာပါ။

Android 10 အခြေပြု MIUI 10 အနေနဲ့ ထွက်လာတာ ဖြစ်ပြီး UI ကို ဆန်းသစ်ထားပါတယ်။ Notifications တွေကို ပြသပေးတဲ့ ဧရိယာ ကျယ်လာပြီး Dark Mode ပါလာပါတယ်။ Settings App ကို ဆန်းသစ်ထားပြီး Menus တွေက ရိုးရှင်းလာပါတယ်။ UI မှာ Water နဲ့ Sand Sounds တွေ အပါအဝင် Sound Effect အသစ်တွေ ပါလာပါတယ်။ Forest, Night, Beach, Drizzle (Rain) နဲ့ Fire တို့လို သင့်ကို အိပ်ပျော်အောင် ကူညီပေးမယ့် Sounds အနည်းငယ်လည်း ထည့်သွင်းထားပါတယ်။

MIUI ဟာ 18:9 Aspect Ratio ပါတဲ့ Full-screen Displays တွေမှာ အသုံးပြုလို့ ကောင်းမွန်အောင် ဖန်တီးထားပါတယ်။ Tall Screens တွေမှာ ပိုကြည့်လို့ကောင်းအောင် Recent Apps ကို အလျားလိုက် မပြသတော့ဘဲ ဒေါင်လိုက် ပြသပေးလာပါတယ်။ Xiaomi က Android 10 အခြေပြု MIUI Beta Version ကို ဖန်တီးပေးထားတာ ကြာပါပြီ။ အခုတော့ Final Version ကို စတင် ဖြန့်ချိပေးနေပြီ ဖြစ်ပါတယ်။

Xiaomi က MIUI 11 ကိုလည်း မကြာခင် ကြေညာတော့မှာ ဖြစ်ပါတယ်။ MIUI 11 ကို Mi Mix Alpha နဲ့အတူ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena