Xiaomi က Redmi Brand ကနေ Redmi K30 5G ကို အရင်နှစ် ဒီဇင်ဘာလက ကြေညာခဲ့ပါတယ်။ အစောပိုင်းမှာ 6/64GB , 6/128GB  နဲ့ 8/128GB မော်ဒယ်တွေကိုပဲ ရောင်းပေးထားပါတယ်။ ၁,၉၉၉ ယွမ် ၊ ၂,၂၉၉ ယွမ်နဲ့ ၂,၅၉၉ ယွမ် အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေနဲ့တွက်ရင် ၄ သိန်း ၁ သောင်း၊ ၄ သိန်း ၇ သောင်းနဲ့ ၅ သိန်း ၃ သောင်းလောက် ကျသင့်မှာပါ။ အခုတော့ 8/256GB မော်ဒယ်ကို တရုတ်မှာ ရောင်းပေးလိုက်ပြီဖြစ်ပြီး Jingdong က ၂,၈၉၉ ယွမ်နဲ့ စာရင်းတင်ထားပါတယ်။ မြန်မာငွေ  ၆ သိန်းလောက်ရှိပါတယ်။

Redmi K30 5G ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ ၆.၆၇ လက်မ Full HD+ Punch-hole မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင်အချိုးက ၉၁ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက လန်းပါတယ်။ Eye Protection Mode 2.0 ပါပြီး အရှေ့နဲ့ အနောက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ 120Hz Refresh Rate ပါတဲ့ ပထမဆုံး Redmi ဖုန်း ဖြစ်ပါတယ်။

7nm Snapdragon 765G SoC မောင်းနှင်ထားပြီး X52 Modem နဲ့ RF System ပါတဲ့အတွက် SA/NSA Dual-mode Network ကို ထောက်ပံ့ပါတယ်။ အရှေ့ဘက်မှာ 20MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး AI လုပ်ဆောင်ချက်တွေ ပါတာက မိုက်ပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultra-wide , 5MP Macro နဲ့ 2MP Depth ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ 30W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီက အားသွင်းရင် အရမ်းမြန်စေပါတယ်။

Android 10 OS အခြေပြု နောက်ဆုံးထုတ် MIUI 11 ပါတဲ့ Redmi ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Mi Turbo 2.0 က ဖုန်းရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေပြီး Game Turbo 2.0 က ဂိမ်းကစားရင် ဖလန်းဖလန်းထစေမှာပါ။ Deep Sea Light, Time Monologue, Flower Shadow နဲ့ Purple Jade Fantasy အရောင် ၄ မျိုးထုတ်လုပ်ထားပြီး microSD Card စိုက်နိုင်ပါတယ်။

Ref : gizchina