[Unicode]

Xiaomi က ဒီဇင်ဘာလမှာ Redmi K30 5G ကို ကြေညာခဲ့ပြီး ဇန်နဝါရီလမှာ Flash Sale ကို ရောင်းပေးခဲ့ပါတယ်။ အခုတော့ တရုတ်မှာ Redmi K30 5G အရောင်စုံနဲ့ Memory အစုံကို Xiaomi ရဲ့ အွန်လိုင်းစတိုး ၊ တခြား အွန်လိုင်းစတိုးများစွာနဲ့ မြေပြင် စတိုးများစွာမှာ ဝယ်ယူနိုင်ပါပြီ။

ဈေးအချိုဆုံး 6/64GB ကို ၁,၉၉၉ ယွမ် သတ်မှတ်ထားပြီး အပြာရောင်ပဲ ရွေးချယ်နိုင်ပါတယ်။ မြန်မာငွေ ၄ သိန်း ၂ သောင်းလောက်ရှိပါတယ်။ 6/128GB အတွက် အပြာ၊ ခရမ်း၊ အဖြူနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပြီး ၂,၂၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၄ သိန်း ၈ သောင်းလောက် တန်ကြေးရှိပါတယ်။ 8/128GB ကို လိုချင်ရင် ၂,၅၉၉ ယွမ် ပေးရမှာဖြစ်ပြီး မြန်မာငွေ ၅ သိန်း ၅ သောင်းလောက်ရှိပါတယ်။ Redmi K30 5G ကို ကြေညာစဉ်က ပြောခဲ့တဲ့ 8/256GB မော်ဒယ်ကို မရောင်းပေးသေးပါဘူး။

Redmi K30 5G ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Snapdragon X52 Modem တပ်ဆင်ထားတဲ့ Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ ၆.၆၇ လက်မ Full HD+ LCD မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ပါပါတယ်။ အနောက်ဘက်မှာ 64MP Main ကင်မရာ ထည့်သွင်းထားပါတယ်။ 30W Fast Charging ပါတဲ့ အရွယ်ကြီး 4,500mAh ဘက်ထရီက အားသွင်းမြန်သလို ဘက်ထရီ သက်တမ်း အရမ်းလန်းပါတယ်။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။

Ref : gsmarena

[Zawgyi]

Redmi K30 5G အေရာင္စုံကို တ႐ုတ္မွာ အကန႔္အသတ္ မရွိ ေရာင္းေပးလိုက္ၿပီ

Xiaomi က ဒီဇင္ဘာလမွာ Redmi K30 5G ကို ေၾကညာခဲ့ၿပီး ဇန္နဝါရီလမွာ Flash Sale ကို ေရာင္းေပးခဲ့ပါတယ္။ အခုေတာ့ တ႐ုတ္မွာ Redmi K30 5G အေရာင္စုံနဲ႔ Memory အစုံကို Xiaomi ရဲ႕ အြန္လိုင္းစတိုး ၊ တျခား အြန္လိုင္းစတိုးမ်ားစြာနဲ႔ ေျမျပင္ စတိုးမ်ားစြာမွာ ဝယ္ယူႏိုင္ပါၿပီ။

ေဈးအခ်ိဳဆုံး 6/64GB ကို ၁,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး အျပာေရာင္ပဲ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ျမန္မာေငြ ၄ သိန္း ၂ ေသာင္းေလာက္ရွိပါတယ္။ 6/128GB အတြက္ အျပာ၊ ခရမ္း၊ အျဖဴနဲ႔ အနီေရာင္ေတြ ထုတ္လုပ္ထားၿပီး ၂,၂၉၉ ယြမ္ သတ္မွတ္ထားပါတယ္။ ၄ သိန္း ၈ ေသာင္းေလာက္ တန္ေၾကးရွိပါတယ္။ 8/128GB ကို လိုခ်င္ရင္ ၂,၅၉၉ ယြမ္ ေပးရမွာျဖစ္ၿပီး ျမန္မာေငြ ၅ သိန္း ၅ ေသာင္းေလာက္ရွိပါတယ္။ Redmi K30 5G ကို ေၾကညာစဥ္က ေျပာခဲ့တဲ့ 8/256GB ေမာ္ဒယ္ကို မေရာင္းေပးေသးပါဘူး။

Redmi K30 5G ရဲ႕ Specs ေတြကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ Snapdragon X52 Modem တပ္ဆင္ထားတဲ့ Snapdragon 765G Chipset ေမာင္းႏွင္ထားပါတယ္။ ၆.၆၇ လက္မ Full HD+ LCD မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး 120Hz Refresh Rate ပါပါတယ္။ အေနာက္ဘက္မွာ 64MP Main ကင္မရာ ထည့္သြင္းထားပါတယ္။ 30W Fast Charging ပါတဲ့ အ႐ြယ္ႀကီး 4,500mAh ဘက္ထရီက အားသြင္းျမန္သလို ဘက္ထရီ သက္တမ္း အရမ္းလန္းပါတယ္။ Android 10 အေျချပဳ MIUI 11 ေမာင္းႏွင္ထားပါတယ္။

Ref : gsmarena