Zawgyi

Redmi K30 5G ဖုန္းကို မိတ္ဆက္ဖို႔ တစ္ပတ္မွ်သာ လိုပါေတာ့တယ္။ ဒီဖုန္းဟာ Redmi အမွတ္တံဆိပ္ေအာက္က ထြက္လာမယ့္ ပထမဆုံး 5G စမတ္ဖုန္းလည္း ျဖစ္ပါတယ္။ အခုခ်ိန္မွာ K30 နဲ႔ပတ္သက္တဲ့ Teaser ေတြ အဆက္မျပတ္ ထြက္လာၿပီး အခုေနာက္ဆုံးျမင္ခဲ့ရတဲ့ Teaser ပုိစတာအသစ္မွာေတာ့ သူ႕ရဲ႕ကြဲျပားထူးျခားေနတဲ့ေနာက္ဘက္ဒီဇုိင္းကို ျပသလာခဲ့ပါတယ္။

Redmi K30 5G ရဲ႕ေနာက္ဘက္ဒီဇုိင္းဟာ ရုတ္တရက္ၾကည့္ရင္ေတာ့ OnePlus 7T နဲ႔ OnePlus 7T Pro ေပါင္းထားသလိုပါပဲ။ အလယ္တည့္တည့္မွာ အနက္ေရာင္အိမ္နဲ႔ ကင္မရာေလးလုံးကို ေဒါင္လုိက္ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ ေနာက္ကင္မရာေတြကို စက္ဝန္းပုံသ႑ာန္ ဒီဇုိင္းနဲ႔ ေပါင္းစပ္ထားတာကို ေတြ႕ရမွာပါ။ Sensor ေတြရဲ႕ေအာက္မွာ Dual-LED ဖလက္ရွ္နဲ႔အတူ 5G လို႔ေရးထြင္းထားတာကိုလည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ေအာက္ဆုံးမွာေတာ့ Redmi အမွတ္တံဆိပ္ပါ။

ကင္မရာရဲ႕အခ်က္အလက္ေတြကို ေသခ်ာမသိရေသးေပမယ့္ Leak တစ္ခုမွာေတာ့ 60MP Sony IMX686 Sensor ဦးေဆာင္လာမယ္လို႔ ဆုိၿပီး 4G ဗားရွင္းမွာေတာ့ 64MP Sensor ပါလာမယ္လို႔ ေဖာ္ျပထားပါတယ္။ လက္ရွိမွာ Redmi ဟာ 4G / 5G ဗားရွင္းႏွစ္မ်ဳိးအတြက္ ကြဲျပားတဲ့ကင္မရာေတြ အသုံးျပဳလာမလား ဆုိတာကိုလည္း မသိရေသးပါဘူး။ ဒါေပမယ့္ အဆုိပါ Leak ထဲမွာ Redmi K30 ရဲ႕တျခားကင္မရာေတြက 13MP Ultrawide, 8MP Telephoto နဲ႔ 2MP Macro တုိ႔ ျဖစ္တယ္လို႔ ဆုိထားပါတယ္။

အတည္မျပဳရေသးတဲ့ အျခားသတင္းတစ္ခုမွာလည္း K30 မွာ 6.6” လက္မ IPS LCD Display အသုံးျပဳလာမယ္လို႔ ဆုိပါတယ္။ Display ဟာ 120Hz Refresh Rate ထိရွိမွာျဖစ္ၿပီး ေရွ႕ဘက္ Selfie ကလည္း Punch-hole စတုိင္လ္ Dual-camera ႏွစ္လုံးလုိ႔ သိရပါတယ္။ ဘကၳရီကို 4,500 နဲ႔ 5,000 mAh အတြင္းရွိၿပီး 27W အားအျမန္သြင္းစနစ္လို႔လည္း ဆုိပါတယ္။

Redmi K30 ဖုန္းဟာ ထြက္ရွိလာေတာ့မွာျဖစ္တာေၾကာင့္ အခုရက္ပိုင္းအတြင္းမွာ Teaser ေတြ ထပ္ျမင္ရဦးမွာ ျဖစ္လုိ႔ သတင္းေတြ ဘယ္ေလာက္ထိမွန္လဲ ဆုိတာကိုလည္း မၾကာခင္ ျမင္ေတြ႕ရေတာ့မွာပါ။

Ref – Gizmo China

Unicode

Redmi K30 5G ဖုန်းကို မိတ်ဆက်ဖို့ တစ်ပတ်မျှသာ လိုပါတော့တယ်။ ဒီဖုန်းဟာ Redmi အမှတ်တံဆိပ်အောက်က ထွက်လာမယ့် ပထမဆုံး 5G စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ အခုချိန်မှာ K30 နဲ့ပတ်သက်တဲ့ Teaser တွေ အဆက်မပြတ် ထွက်လာပြီး အခုနောက်ဆုံးမြင်ခဲ့ရတဲ့ Teaser ပိုစတာအသစ်မှာတော့ သူ့ရဲ့ကွဲပြားထူးခြားနေတဲ့နောက်ဘက်ဒီဇိုင်းကို ပြသလာခဲ့ပါတယ်။

Redmi K30 5G ရဲ့နောက်ဘက်ဒီဇိုင်းဟာ ရုတ်တရက်ကြည့်ရင်တော့ OnePlus 7T နဲ့ OnePlus 7T Pro ပေါင်းထားသလိုပါပဲ။ အလယ်တည့်တည့်မှာ အနက်ရောင်အိမ်နဲ့ ကင်မရာလေးလုံးကို ဒေါင်လိုက်ထည့်သွင်းထားပါတယ်။ ဒါပေမယ့် နောက်ကင်မရာတွေကို စက်ဝန်းပုံသဏ္ဍာန် ဒီဇိုင်းနဲ့ ပေါင်းစပ်ထားတာကို တွေ့ရမှာပါ။ Sensor တွေရဲ့အောက်မှာ Dual-LED ဖလက်ရှ်နဲ့အတူ 5G လို့ရေးထွင်းထားတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ အောက်ဆုံးမှာတော့ Redmi အမှတ်တံဆိပ်ပါ။

ကင်မရာရဲ့အချက်အလက်တွေကို သေချာမသိရသေးပေမယ့် Leak တစ်ခုမှာတော့ 60MP Sony IMX686 Sensor ဦးဆောင်လာမယ်လို့ ဆိုပြီး 4G ဗားရှင်းမှာတော့ 64MP Sensor ပါလာမယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ Redmi ဟာ 4G / 5G ဗားရှင်းနှစ်မျိုးအတွက် ကွဲပြားတဲ့ကင်မရာတွေ အသုံးပြုလာမလား ဆိုတာကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် အဆိုပါ Leak ထဲမှာ Redmi K30 ရဲ့တခြားကင်မရာတွေက 13MP Ultrawide, 8MP Telephoto နဲ့ 2MP Macro တို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အတည်မပြုရသေးတဲ့ အခြားသတင်းတစ်ခုမှာလည်း K30 မှာ 6.6” လက်မ IPS LCD Display အသုံးပြုလာမယ်လို့ ဆိုပါတယ်။ Display ဟာ 120Hz Refresh Rate ထိရှိမှာဖြစ်ပြီး ရှေ့ဘက် Selfie ကလည်း Punch-hole စတိုင်လ် Dual-camera နှစ်လုံးလို့ သိရပါတယ်။ ဘက္ထရီကို 4,500 နဲ့ 5,000 mAh အတွင်းရှိပြီး 27W အားအမြန်သွင်းစနစ်လို့လည်း ဆိုပါတယ်။

Redmi K30 ဖုန်းဟာ ထွက်ရှိလာတော့မှာဖြစ်တာကြောင့် အခုရက်ပိုင်းအတွင်းမှာ Teaser တွေ ထပ်မြင်ရဦးမှာ ဖြစ်လို့ သတင်းတွေ ဘယ်လောက်ထိမှန်လဲ ဆိုတာကိုလည်း မကြာခင် မြင်တွေ့ရတော့မှာပါ။

Ref – Gizmo China