[Unicode]

Redmi K30 5G ကို ဒီလ ၇ ရက်နေ့မှာ စတင်ရောင်းချတော့မှာပါ။ အဲဒီဖုန်းကို ပြီးခဲ့တဲ့ လ အစောပိုင်းက ကြေညာခဲ့ပြီး Snapdragon 765G ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ ကုမ္ပဏီက မော်ဒယ် ၄ မျိုးထုတ်လုပ်ထားပြီး အခြေခံ မော်ဒယ်မှာ 6/64GB ပါပါတယ်။ အမြင့်ဆုံး မော်ဒယ်မှာ 8/256GB ထည့်ထားပါတယ်။

မိတ်ဆက်ပွဲမှာ မကြေညာသွားတဲ့ 12/512GB မော်ဒယ်ကို မကြာခင်က TENAA မှာ တွေ့ခဲ့ရပါတယ်။ အခုတော့ 10GB RAM မော်ဒယ်ပါ ထပ်တိုးလာပြီး 256GB Storage နဲ့တွဲဖက်ထားနိုင်ပါတယ်။ မော်ဒယ်အသစ်ကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။ နောက်ပိုင်းမှာ မော်ဒယ်အသစ်တွေ ထွက်လာမယ်လို့ ထင်ပါတယ်။

Redmi K30 5G မှာ ၆.၆၇ လက်မ FHD+ LCD မျက်နှာပြင် ထည့်သွင်းထားပြီး Punch-hole ၂ လုံးပါပါတယ်။ ကင်မရာ ၂ လုံးကို ညာဘက်အထက်မှာ တပ်ဆင်ထားပါတယ်။ 120Hz Refresh Rate နဲ့ HDR 10 ကို ထောက်ပံ့ပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ပင်မ ကင်မရာက 64MP IMX686 Sensor ဖြစ်ပါတယ်။ Sony ရဲ့ နောက်ဆုံးထုတ် ကင်မရာ ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ ပင်မ ကင်မရာကို 8MP Ultrawide , 2MP Depth နဲ့ 5MP Macro Sensor တွေနဲ့ အားဖြည့်ထားပါတယ်။ 4K 30fps Video နဲ့ 960fps Slow-motion Video တွေကို ရိုက်ကူးနိုင်ပြီး 10x Digital Zoom ပါပါတယ်။

အရှေ့ ကင်မရာတွေက 20MP နဲ့ 2MP Depth ဖြစ်ပါတယ်။ 30W Fast Charging ပါတဲ့ 4,400mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။

Ref : gizmochina

[Zawgyi]

10GB RAM ပါတဲ့ Redmi K30 5G ကို TENAA မွာ မွတ္ပံုတင္ထား

Redmi K30 5G ကို ဒီလ ၇ ရက္ေန႔မွာ စတင္ေရာင္းခ်ေတာ့မွာပါ။ အဲဒီဖုန္းကို ၿပီးခဲ့တဲ့ လ အေစာပိုင္းက ေၾကညာခဲ့ၿပီး Snapdragon 765G ပါတဲ့ ကမာၻ႕ ပထမဆံုး ဖုန္း ျဖစ္လာပါတယ္။ ကုမၸဏီက ေမာ္ဒယ္ ၄ မ်ိဳးထုတ္လုပ္ထားၿပီး အေျခခံ ေမာ္ဒယ္မွာ 6/64GB ပါပါတယ္။ အျမင့္ဆံုး ေမာ္ဒယ္မွာ 8/256GB ထည့္ထားပါတယ္။

မိတ္ဆက္ပြဲမွာ မေၾကညာသြားတဲ့ 12/512GB ေမာ္ဒယ္ကို မၾကာခင္က TENAA မွာ ေတြ႕ခဲ့ရပါတယ္။ အခုေတာ့ 10GB RAM ေမာ္ဒယ္ပါ ထပ္တိုးလာၿပီး 256GB Storage နဲ႔တြဲဖက္ထားႏုိင္ပါတယ္။ ေမာ္ဒယ္အသစ္ကို ေၾကညာမယ့္ အခ်ိန္ကို မသိရေသးပါဘူး။ ေနာက္ပိုင္းမွာ ေမာ္ဒယ္အသစ္ေတြ ထြက္လာမယ္လို႔ ထင္ပါတယ္။

Redmi K30 5G မွာ ၆.၆၇ လက္မ FHD+ LCD မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး Punch-hole ၂ လံုးပါပါတယ္။ ကင္မရာ ၂ လံုးကို ညာဘက္အထက္မွာ တပ္ဆင္ထားပါတယ္။ 120Hz Refresh Rate နဲ႔ HDR 10 ကို ေထာက္ပံ့ပါတယ္။ အေရွ႕နဲ႔ အေနာက္ဘက္ကို Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး တပ္ဆင္ထားၿပီး ပင္မ ကင္မရာက 64MP IMX686 Sensor ျဖစ္ပါတယ္။ Sony ရဲ႕ ေနာက္ဆံုးထုတ္ ကင္မရာ ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္လာပါတယ္။ ပင္မ ကင္မရာကို 8MP Ultrawide , 2MP Depth နဲ႔ 5MP Macro Sensor ေတြနဲ႔ အားျဖည့္ထားပါတယ္။ 4K 30fps Video နဲ႔ 960fps Slow-motion Video ေတြကို ရိုက္ကူးႏုိင္ၿပီး 10x Digital Zoom ပါပါတယ္။

အေရွ႕ ကင္မရာေတြက 20MP နဲ႔ 2MP Depth ျဖစ္ပါတယ္။ 30W Fast Charging ပါတဲ့ 4,400mAh ဘက္ထရီ ထည့္သြင္းထားပါတယ္။ Android 10 အေျချပဳ MIUI 11 ေမာင္းႏွင္ထားၿပီး ေဘးဘက္လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။

Ref : gizmochina