[Unicode]

Redmi က K30 5G မော်ဒယ်နဲ့ 4G မော်ဒယ်တွေကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်သွားပါပြီ။ ကောလဟလထွက်ခဲ့တဲ့ သတင်းတွေအတိုင်းပဲ K30 5G မော်ဒယ်က Snapdragon 765G SoC နဲ့အတူ ပွဲထွက်ခဲ့တာဖြစ်ပြီး K30 4G မော်ဒယ်က Snapdragon 730G SoC နဲ့ ပွဲထွက်ခဲ့ပါတယ်။

မော်ဒယ် ၂မျိူးစလုံးရဲ့ Display အပိုင်းအတွက် 120Hz Refresh Rate ထောက်ပံ့ပေးနိုင်တဲ့ ၆.၆၇လက်မ LCD Display ကို အသုံးပြုထားတာဖြစ်ပြီး Resolution က 1080 x 2400 pixels ရှိပါတယ်။ မော်ဒယ် ၂မျိူးစလုံးမှာ ဘက်ထရီပမာဏ 4500mAh ပါဝင်ကြပေမယ့် 5G မော်ဒယ်က 30W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပြီး 4G မော်ဒယ်ကတော့ 27W အမြန်အားသွင်းစနစ်ကိုသာ ထောက်ပံ့ပေးထားပါတယ်။

Sony ရဲ့ 64MP Sensor ကို Main Camera အဖြစ် အသုံးပြုလာပြီး 8MP (Tele) + 5MP (Ultra-wide) + 2MP (Depth) Sensors တွေနဲ့ တွဲဖက်ပေးထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာ ရှိတဲ့ Punch-hole Display ထဲမှာတော့ 20MP (Main) + 2MP (Depth) Sensor တွေကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ LCD Display ကို အသုံးပြုထားတာကြောင့် Redmi K20 Series တုန်းကလိုမျိူး Under-display Fingerprint မပါတော့ဘဲ Side-mounted Fingerprint ကိုသာ ပြောင်းလဲ အသုံးပြုလာခဲ့ပါတယ်။ 5G နဲ့ 4G မော်ဒယ် ၂မျိူးစလုံးရဲ့ Camera Setup နဲ့ ဒီဇိုင်းက အတူတူပဲဖြစ်ပြီး SoC နဲ့ အမြန်အားသွင်းစနစ်အပိုင်းမှာ အဓိက ကွာခြားသွားတာ ဖြစ်ပါတယ်။

Redmi K30 4G စျေးနှုန်းများ
RAM 6GB + Storage 64GB – တရုတ်ငွေ ၁၅၉၉ ယွမ် (မြန်မာငွေ ၃၄၀,၀၀၀ ကျပ် ဝန်းကျင်)
RAM 6GB + Storage 128GB – တရုတ်ငွေ ၁၆၉၉ ယွမ် (မြန်မာငွေ ၃၆၀,၀၀၀ ကျပ် ဝန်းကျင်)
RAM 8GB + Storage 128GB – တရုတ်ငွေ ၁၈၉၉ ယွမ် (မြန်မာငွေ ၄သိန်း ဝန်းကျင်)
RAM 8GB + Storage 256GB – တရုတ်ငွေ ၂၁၉၉ ယွမ် (မြန်မာငွေ ၄၆၇,၀၀၀ ကျပ် ဝန်းကျင်)

Redmi K30 5G စျေးနှုန်းများ
RAM 6GB + Storage 64GB – တရုတ်ငွေ ၁၉၉၉ ယွမ် (မြန်မာငွေ ၄၂၄,၀၀၀ ကျပ် ဝန်းကျင်)
RAM 6GB + Storage 128GB – တရုတ်ငွေ ၂၂၉၉ ယွမ် (မြန်မာငွေ ၄၈၈,၀၀၀ ကျပ် ဝန်းကျင်)
RAM 8GB + Storage 128GB – တရုတ်ငွေ ၂၅၉၉ ယွမ် (မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်)
RAM 8GB + Storage 256GB – တရုတ်ငွေ ၂၈၉၉ ယွမ် (မြန်မာငွေ ၆၁၅,၀၀၀ ကျပ် ဝန်းကျင်)

[Zawgyi]

ေငြက်ပ္ ၃သိန္းခြဲ ဝန္းက်င္ကေန စတင္က်သင့္မယ့္ Redmi K30 ဖုန္းေတြကို မိတ္ဆက္သြားၿပီ

Redmi က K30 5G ေမာ္ဒယ္နဲ႔ 4G ေမာ္ဒယ္ေတြကို တ႐ုတ္ႏိုင္ငံမွာ တရားဝင္ မိတ္ဆက္သြားပါၿပီ။ ေကာလဟလထြက္ခဲ့တဲ့ သတင္းေတြအတိုင္းပဲ K30 5G ေမာ္ဒယ္က Snapdragon 765G SoC နဲ႔အတူ ပြဲထြက္ခဲ့တာျဖစ္ၿပီး K30 4G ေမာ္ဒယ္က Snapdragon 730G SoC နဲ႔ ပြဲထြက္ခဲ့ပါတယ္။

ေမာ္ဒယ္ ၂မ်ိဴးစလုံးရဲ႕ Display အပိုင္းအတြက္ 120Hz Refresh Rate ေထာက္ပံ့ေပးႏိုင္တဲ့ ၆.၆၇လက္မ LCD Display ကို အသုံးျပဳထားတာျဖစ္ၿပီး Resolution က 1080 x 2400 pixels ရွိပါတယ္။ ေမာ္ဒယ္ ၂မ်ိဴးစလုံးမွာ ဘက္ထရီပမာဏ 4500mAh ပါဝင္ၾကေပမယ့္ 5G ေမာ္ဒယ္က 30W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားၿပီး 4G ေမာ္ဒယ္ကေတာ့ 27W အျမန္အားသြင္းစနစ္ကိုသာ ေထာက္ပံ့ေပးထားပါတယ္။

Sony ရဲ႕ 64MP Sensor ကို Main Camera အျဖစ္ အသုံးျပဳလာၿပီး 8MP (Tele) + 5MP (Ultra-wide) + 2MP (Depth) Sensors ေတြနဲ႔ တြဲဖက္ေပးထားပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာ ရွိတဲ့ Punch-hole Display ထဲမွာေတာ့ 20MP (Main) + 2MP (Depth) Sensor ေတြကို ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။ LCD Display ကို အသုံးျပဳထားတာေၾကာင့္ Redmi K20 Series တုန္းကလိုမ်ိဴး Under-display Fingerprint မပါေတာ့ဘဲ Side-mounted Fingerprint ကိုသာ ေျပာင္းလဲ အသုံးျပဳလာခဲ့ပါတယ္။ 5G နဲ႔ 4G ေမာ္ဒယ္ ၂မ်ိဴးစလုံးရဲ႕ Camera Setup နဲ႔ ဒီဇိုင္းက အတူတူပဲျဖစ္ၿပီး SoC နဲ႔ အျမန္အားသြင္းစနစ္အပိုင္းမွာ အဓိက ကြာျခားသြားတာ ျဖစ္ပါတယ္။

Redmi K30 4G ေစ်းႏႈန္းမ်ား
RAM 6GB + Storage 64GB – တ႐ုတ္ေငြ ၁၅၉၉ ယြမ္ (ျမန္မာေငြ ၃၄၀,၀၀၀ က်ပ္ ဝန္းက်င္)
RAM 6GB + Storage 128GB – တ႐ုတ္ေငြ ၁၆၉၉ ယြမ္ (ျမန္မာေငြ ၃၆၀,၀၀၀ က်ပ္ ဝန္းက်င္)
RAM 8GB + Storage 128GB – တ႐ုတ္ေငြ ၁၈၉၉ ယြမ္ (ျမန္မာေငြ ၄သိန္း ဝန္းက်င္)
RAM 8GB + Storage 256GB – တ႐ုတ္ေငြ ၂၁၉၉ ယြမ္ (ျမန္မာေငြ ၄၆၇,၀၀၀ က်ပ္ ဝန္းက်င္)

Redmi K30 5G ေစ်းႏႈန္းမ်ား
RAM 6GB + Storage 64GB – တ႐ုတ္ေငြ ၁၉၉၉ ယြမ္ (ျမန္မာေငြ ၄၂၄,၀၀၀ က်ပ္ ဝန္းက်င္)
RAM 6GB + Storage 128GB – တ႐ုတ္ေငြ ၂၂၉၉ ယြမ္ (ျမန္မာေငြ ၄၈၈,၀၀၀ က်ပ္ ဝန္းက်င္)
RAM 8GB + Storage 128GB – တ႐ုတ္ေငြ ၂၅၉၉ ယြမ္ (ျမန္မာေငြ ၅သိန္းခြဲ ဝန္းက်င္)
RAM 8GB + Storage 256GB – တ႐ုတ္ေငြ ၂၈၉၉ ယြမ္ (ျမန္မာေငြ ၆၁၅,၀၀၀ က်ပ္ ဝန္းက်င္)