မတ်လ ၂၄ ရက်နေ့မှာ မိတ်ဆက်လာမယ့် Redmi K30 Pro စမတ်ဖုန်းအတွက် Teaser အသစ်တွေကို Redmi ရဲ့ Weibo အကောင့်မှာ တင်လာခဲ့ပါတယ်။ ဒီတစ်ခါ Teaser တွေကတော့ သူ့ရဲ့အဓိက Feature တစ်ခုလည်း ဖြစ်တဲ့ ကင်မရာတွေအကြောင်းပါ။

ဒီပိုစတာတွေကိုကြည့်ရင် Redmi K30 Pro စမတ်ဖုန်းမှာ Sony IMX686 64MP Sensor က တစ်လုံးတည်း မဟုတ်ဘဲ နှစ်လုံးထိ အသုံးပြုလာမယ့်ပုံရှိပြီး တစ်ခုက အဓိက Sensor နဲ့ နောက်တစ်ခုက Telephoto တာဝန်ကို ယူသွားမှာပါ။ သူရေးထားတဲ့ Specs ထဲမှာ 3x Optical Zoom နဲ့ 30x Digital Zoom ထိ ရရှိနိုင်မယ်လို့ ဆိုထားတာကြောင့် Samsung Galaxy S20/S20+ နဲ့ဆင်တူနေပါတယ်။

64MP Sensor ဟာ 1/1.7” အရွယ်ထိ ကြီးမားပြီး 8K Video ရိုက်ကူးနိုင်စွမ်းလည်း ပါဝင်ပါတယ်။ Redmi ဟာ K30 Pro ရဲ့ ကင်မရာလုပ်ဆောင်ရည်ကို စမ်းသပ်ပြထားတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုအတိုလေးတွေကိုပါ ပြသလာခဲ့ပြီး 0.6x ကနေ 30x, Ultrawide မှ 64MP Tele ရဲ့ Digital Zoom ထိ ပါဝင်တာကို တွေ့ရမှာပါ။

64MP နောက်ဘက်ကင်မရာနှစ်လုံးစလုံးမှာ Optical Image Stabilization (OIS) နည်းပညာပါဝင်ပြီး Gyroscope နဲ့ Accelerometer တို့ဆီက အချက်အလက်တွေနဲ့ Axis လေးခုလုံးကို ထိန်းချုပ်ပေးထားမှာဖြစ်ကြောင်း Redmi က ဆိုပါတယ်။

ဒီ Teaser ရဲ့နောက်ဆုံးအချက်အလက်အနေနဲ့တော့ Redmi K30 Pro ရဲ့နောက်ထပ်ကာလာအသစ်တစ်ခုကို ပြသခဲ့ပြီး ယခင်က ပြသခဲ့ဖူးတဲ့ Purple, Blue, White တို့အပြင် Grey ကာလာကိုပါ မြင်တွေ့လာရပါတယ်။

Ref – GSM Arena