[Unicode]

ဒီဇင်ဘာရဲ့ အဦးဆုံးရက်သတ္တပတ်မှာပဲ Redmi ဟာ Redmi K30 ကို Snpadragon 765G SoC နဲ့ ထုတ်လုပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီဟန်းဆက်ဟာ 6.67-inch မျက်နှာပြင်အရွယ်အစားရှိပြီး အဓိက ကင်မရာကတော့ 64MP ဖြစ်မယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကုမ္ပဏီဟာ Redmi K30 ရဲ့ ဘက်ထရီပမာဏကိုလည်း ထုတ်ဖော်ပြသသွားပါသေးတယ်။ Redmi K30 ဟာ 4,500mAh ဘက်ထရီကို တပ်ဆင်ပေးထားမှာပါ။ ဒီပမာဏက K20 မှာတပ်ဆင်ပေးထားတာထက် 500mAh ပိုပြီး ကြီးမားနေတာကို တွေ့မြင်ရပါတယ်။

Redmi ဟာ K30 အတွက် ဘက်ထရီပမာဏကို တိုးမြှင့်ပေးလိုက်ရုံမကဘဲ အားသွင်းစနစ်ကိုလည်း ပိုပြီးအဆင့်မြှင့်တင်ပေးခဲ့ပါတယ်။ Redmi K30 ဟာ 30W အမြန်အားသွင်းစနစ်ထောက်ပံ့ပေးထားမှာဖြစ်ပြီး တစ်နာရီအတွင်း ၁၀၀% အပြည့် မြန်မြန်ဆန်ဆန် အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ ဒီအားသွင်းစနစ်ဟာ အခြားအားသွင်းစက်တွေနဲ့လည်း အလုပ်လုပ်တယ်ဆိုပေမယ့် အကျိုးသက်ရောက်မှုကတော့ ၉၇% ပဲ ရှိတော့မှာ ဖြစ်ပါတယ်။

Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi ကတော့ သူတို့ရဲ့ Redmi K30 ကို လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်မယ်အကြောင်း တရုတ်လူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာ တရားဝင် အသိပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့ရက်တွေအတွင်းမှာ Redmi K30 နဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေလည်း ထပ်မံပြီးထွက်ပေါ်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena

[Zawgyi]

Redmi K30 ကို ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ အသိေပးလိုက္ၿပီ

ဒီဇင္ဘာရဲ႕ အဦးဆုံးရက္သတၱပတ္မွာပဲ Redmi ဟာ Redmi K30 ကို Snpadragon 765G SoC နဲ႔ ထုတ္လုပ္သြားမယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒီဟန္းဆက္ဟာ 6.67-inch မ်က္ႏွာျပင္အ႐ြယ္အစားရွိၿပီး အဓိက ကင္မရာကေတာ့ 64MP ျဖစ္မယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ ကုမၸဏီဟာ Redmi K30 ရဲ႕ ဘက္ထရီပမာဏကိုလည္း ထုတ္ေဖာ္ျပသသြားပါေသးတယ္။ Redmi K30 ဟာ 4,500mAh ဘက္ထရီကို တပ္ဆင္ေပးထားမွာပါ။ ဒီပမာဏက K20 မွာတပ္ဆင္ေပးထားတာထက္ 500mAh ပိုၿပီး ႀကီးမားေနတာကို ေတြ႕ျမင္ရပါတယ္။

Redmi ဟာ K30 အတြက္ ဘက္ထရီပမာဏကို တိုးျမႇင့္ေပးလိုက္႐ုံမကဘဲ အားသြင္းစနစ္ကိုလည္း ပိုၿပီးအဆင့္ျမႇင့္တင္ေပးခဲ့ပါတယ္။ Redmi K30 ဟာ 30W အျမန္အားသြင္းစနစ္ေထာက္ပံ့ေပးထားမွာျဖစ္ၿပီး တစ္နာရီအတြင္း ၁၀၀% အျပည့္ ျမန္ျမန္ဆန္ဆန္ အားသြင္းႏိုင္မယ္လို႔ ဆိုပါတယ္။ ဒီအားသြင္းစနစ္ဟာ အျခားအားသြင္းစက္ေတြနဲ႔လည္း အလုပ္လုပ္တယ္ဆိုေပမယ့္ အက်ိဳးသက္ေရာက္မႈကေတာ့ ၉၇% ပဲ ရွိေတာ့မွာ ျဖစ္ပါတယ္။

Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Redmi ကေတာ့ သူတို႔ရဲ႕ Redmi K30 ကို လာမယ့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ မိတ္ဆက္မယ္အေၾကာင္း တ႐ုတ္လူမႈကြန္ရက္ျဖစ္တဲ့ Weibo မွာ တရားဝင္ အသိေပးလိုက္ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ က်န္တဲ့ရက္ေတြအတြင္းမွာ Redmi K30 နဲ႔ပတ္သက္တဲ့ အျခားအခ်က္အလက္ေတြလည္း ထပ္မံၿပီးထြက္ေပၚလာဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena