[Zawgyi]

Redmi ဟာ K 20 ကို ၿပီးခဲ့တဲ့ ေမလထဲမွာ ေၾကညာခဲ့ပါတယ္။ Redmi ရဲ႕ထုံးစံအတိုင္း အရည္အေသြးနဲ႔တန္ဖိုး သင့္တင့္မွ်တတာေၾကာင့္ ေရပန္စားလူႀကိဳက္မ်ားတဲ့ စမတ္ဖုန္းျဖစ္ခဲ့ပါတယ္။ ကုမၸဏီကေတာ့ Redmi K20 ရဲ႕ေနရာကို ဆက္ခံမယ့္ မ်ိဳးဆက္သစ္ကို ပိုၿပီးအဆင့္ျမင့္ေအာင္ ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လကုန္ပိုင္းေလာက္ကတည္းက Redmi ရဲ႕ အေထြေထြမန္ေနဂ်ာ Lu Weibing က Redmi K30 ဟာ 5G အသုံးျပဳႏိုင္လိမ့္မယ္လို႔ သူ႔ရဲ႕ Weibo အေကာင့္ကတစ္ဆင့္ ေၾကညာခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ Redmi K30 မိတ္ဆက္မယ့္အခ်ိန္က အေဝးႀကီးက်န္ေနတာေၾကာင့္ ေနာက္ဆက္တြဲသတင္းေတြ ဆက္ၿပီးထြက္မလာခဲ့ဘဲ ၿငိမ္သက္ခဲ့ပါတယ္။

အခု ေအာက္တိုဘာလထဲမွာေတာ့ Redmi K30 ရဲ႕ မ်က္ႏွာျပင္နဲ႔ အေရွ႕ကင္မရာေတြအေၾကာင္းကို Lu Weibing က Weibo ကေန ထပ္ၿပီးထုတ္ေဖာ္ျပသလိုက္ျပန္ပါတယ္။ Redmi 8 ကို တ႐ုတ္မွာ ျဖန႔္ခ်ိဖို႔ တင္ဆက္ျပသရာမွာ Lu က Redmi K30 အေၾကာင္းအနည္းငယ္ကိုပါ ထည့္သြင္းေျပာဆိုသြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ Lu က Punch-hole Dual camera နဲ႔ Redmi K30 Teaser render ကို Weibo မွာ ထပ္မံေဝမွ်လိုက္တာကို ေတြ႕ျမင္ၾကရပါတယ္။ ဒါေပမယ့္ အခုအခ်ိန္အထိ မ်က္ႏွာျပင္အေပၚဘက္ ညာဘက္ေထာင့္မွာ ခပ္ရွည္ရွည္ရွိေနတဲ့ Punch-hole နဲ႔ ကင္မရာႏွစ္လုံးရဲ႕ အေသးစိတ္အေၾကာင္းအရာကိုေတာ့ ေဖာ္ျပျခင္း မရွိေသးပါဘူး။

Dual 5G ေထာက္ပံ့မႈနဲ႔ထြက္လာမယ့္ K30 ဟာ SA (Standalone mode) ေရာ NSA (Non-standalone) ပါ အလုပ္လုပ္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိ LTE အေျခခံနဲ႔လည္း အလုပ္လုပ္မွာျဖစ္ပါတယ္။ စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္က 5G တစ္ေခတ္ျဖစ္လာမယ့္ အခ်ိန္မွာ Redmi ရဲ႕ K30 5G ဟာ ဘယ္ေလာက္ထိ ေဈးသက္သာမလဲဆိုတာပါပဲ။ ဒီေမးခြန္းအတြက္အေျဖကိုေတာ့ အခ်ိန္အနည္းငယ္ ထပ္ေစာင့္ရဦးမွာပါ။

Ref: Android Authority

[Unicode]

Punch-hole Dual camera အပြင် 5G ကွန်ရက်လည်း ချိတ်ဆက်နိုင်မယ့် Redmi K30

Redmi ဟာ K 20 ကို ပြီးခဲ့တဲ့ မေလထဲမှာ ကြေညာခဲ့ပါတယ်။ Redmi ရဲ့ထုံးစံအတိုင်း အရည်အသွေးနဲ့တန်ဖိုး သင့်တင့်မျှတတာကြောင့် ရေပန်စားလူကြိုက်များတဲ့ စမတ်ဖုန်းဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီကတော့ Redmi K20 ရဲ့နေရာကို ဆက်ခံမယ့် မျိုးဆက်သစ်ကို ပိုပြီးအဆင့်မြင့်အောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းလောက်ကတည်းက Redmi ရဲ့ အထွေထွေမန်နေဂျာ Lu Weibing က Redmi K30 ဟာ 5G အသုံးပြုနိုင်လိမ့်မယ်လို့ သူ့ရဲ့ Weibo အကောင့်ကတစ်ဆင့် ကြေညာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Redmi K30 မိတ်ဆက်မယ့်အချိန်က အဝေးကြီးကျန်နေတာကြောင့် နောက်ဆက်တွဲသတင်းတွေ ဆက်ပြီးထွက်မလာခဲ့ဘဲ ငြိမ်သက်ခဲ့ပါတယ်။

အခု အောက်တိုဘာလထဲမှာတော့ Redmi K30 ရဲ့ မျက်နှာပြင်နဲ့ အရှေ့ကင်မရာတွေအကြောင်းကို Lu Weibing က Weibo ကနေ ထပ်ပြီးထုတ်ဖော်ပြသလိုက်ပြန်ပါတယ်။ Redmi 8 ကို တရုတ်မှာ ဖြန့်ချိဖို့ တင်ဆက်ပြသရာမှာ Lu က Redmi K30 အကြောင်းအနည်းငယ်ကိုပါ ထည့်သွင်းပြောဆိုသွားခဲ့တာပါ။

ဒီနောက်မှာတော့ Lu က Punch-hole Dual camera နဲ့ Redmi K30 Teaser render ကို Weibo မှာ ထပ်မံဝေမျှလိုက်တာကို တွေ့မြင်ကြရပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မျက်နှာပြင်အပေါ်ဘက် ညာဘက်ထောင့်မှာ ခပ်ရှည်ရှည်ရှိနေတဲ့ Punch-hole နဲ့ ကင်မရာနှစ်လုံးရဲ့ အသေးစိတ်အကြောင်းအရာကိုတော့ ဖော်ပြခြင်း မရှိသေးပါဘူး။

Dual 5G ထောက်ပံ့မှုနဲ့ထွက်လာမယ့် K30 ဟာ SA (Standalone mode) ရော NSA (Non-standalone) ပါ အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ LTE အခြေခံနဲ့လည်း အလုပ်လုပ်မှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က 5G တစ်ခေတ်ဖြစ်လာမယ့် အချိန်မှာ Redmi ရဲ့ K30 5G ဟာ ဘယ်လောက်ထိ ဈေးသက်သာမလဲဆိုတာပါပဲ။ ဒီမေးခွန်းအတွက်အဖြေကိုတော့ အချိန်အနည်းငယ် ထပ်စောင့်ရဦးမှာပါ။

Ref: Android Authority