Redmi K30 5G ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်တဲ့ Redmi K30i ရဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ Specs တွေ TENAA ကနေ ထွက်ပေါ်လာပြီး MIUI ကင်မရာ App ရဲ့ သတင်းအချက်အလက်တချို့ကိုလည်း သိလာရပါတယ်။

Xiaomi ဟာ Redmi K30 5G ထက် ဈေးသက်သာတဲ့ 5G စမတ်ဖုန်းကို ဖန်တီးနေတယ်လို့ ဒီလ အစောပိုင်းက သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Redmi K30i 5G ဖြစ်ပြီး Redmi K30 5G ရဲ့ 64MP အစား 48MP ကင်မရာ တပ်ဆင်ထားမယ်လို့ သတင်းထွက်လာပါတယ်။ Redmi K30i ကို ၂၅၅ ဒေါ်လာနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၃ သိန်း ၅ သောင်းလောက်ရှိနိုင်ပါတယ်။

အခုတော့ အဲဒီဖုန်းရဲ့ ကင်မရာ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပြီး 48MP Main ကင်မရာ ပါလာမယ်လို့ သိရပါတယ်။ အဲဒီဖုန်းရဲ့ Codename ဟာ Picasso ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ကြေညာခဲ့တဲ့ Redmi K30 5G နဲ့ တူပါတယ်။ အဲဒီအတွက် ကင်မရာက လွဲပြီး တခြား အစိတ်အပိုင်းတွေဟာ တူညီနိုင်ပါတယ်။

Redmi Brand က Redmi K30i ရဲ့ သတင်းအချက်အလက်တွေကို ဘာမှ မပြောသေးပါဘူး။ မကြာခင်မှာ အဲဒီ ဖုန်းကို ကြေညာနိုင်ပါတယ်။

Ref: gizmochina