Xiaomi ရဲ့ Redmi K Series ဖုန်းတွေဟာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတာကြောင့် စျေးကွက်အတွင်းမှာ ဝယ်လိုအားများပြားတဲ့စမတ်ဖုန်းတွေဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း Redmi ကနေ K50 Gaming Edition ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပြီး ပုံမှန် Gaming အတွက်မဟုတ်တဲ့ K50 Series ကိုတော့ ဒီနေ့ မတ်လ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

အခုလည်း တရားဝင်မိတ်ဆက်ဖို့ အချိန်အနည်းငယ်အလိုမှာ Xiaomi ကနေ Redmi K50 Series ဖုန်းတွေမှာပါဝင်လာမယ့် Feature တွေကို အတည်ပြုဖော်ပြလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Redmi K50 Series ဖုန်းတွေမှာ 5000mAh Battery အပြင် 120W Fast Charging ကို ထောက်ပံ့ပေးသွားမယ်ဆိုတာကို အတည်ပြုလိုက်တာဖြစ်ပါတယ်။

Xiaomi ကနေ မကြာသေးခင်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Redmi K50 Gaming Edition ဖုန်းကလည်း 120W Fast Charging ပါဝင်ပေမယ့် Battery Capacity အနေနဲ့ကတော့ 4700mAh ပဲ ပါဝင်တာဖြစ်ပါတယ်။ အဆိုပါ Redmi K50 Gaming Edition ဖုန်းကတော့ 0-100% အားသွင်းဖို့ကို ၁၇ မိနစ်ပဲ အချိန်ပေးရမယ်ဆိုပြီး ကြေညာခဲ့တာကြောင့် ယခု 5000mAh Battery ပါဝင်လာမယ့် Redmi K50 Series ဖုန်းတွေလည်း အားသွင်းချိန်က မိနစ် ၂၀ ဝန်းကျင်ပဲ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Xiaomi ဟာ Redmi K50 Series စမတ်ဖုန်းတွေထဲမှာ Redmi K50 ၊ Redmi K50 Pro နဲ့ Redmi K50 Pro+ ဆိုပြီး ၃ မျိုး မိတ်ဆက်သွားမှာဖြစ်ပြီး Qualcomm Snapdragon 870 ၊ MediaTek Dimensity 8100 နဲ့ Dimensity 9000 Chipset တွေကို အသီးသီး အသုံးပြုသွားမှာဖြစ်ပါတယ်။ Display ပိုင်းမှာ အမြင့်ဆုံး 2K Quad HD Display ကို အသုံးပြုလာမယ့်အပြင် Dolby Atmos ပါဝင်တဲ့ Dual Stereo Speaker ၊ Hi-Res Double Gold Certification ၊ Wi-Fi 6 အပြင် Bluetooth 5.3 ကို ပထမဆုံး Support ပြုလုပ်တဲ့ဖုန်းတွေဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China