Xiaomi ဟာ ယခုနှစ်ကုန်ပိုင်းမှာ Flagship Series ဖုန်းသစ်တွေဖြစ်တဲ့ Xiaomi 13 Series ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ Xiaomi ကနေ Redmi K60 Series ဖုန်းတွေကိုပါ ယခုနှစ်ကုန် သို့မဟုတ် လာမယ့် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။

အခုတော့ Redmi K60 ဖုန်းရဲ့ Specification အသေးစိတ်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ Redmi K60 ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံအတွင်းက 3C Certification ကိုလည်း ရရှိထားတဲ့အတွက် မိတ်ဆက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူဆရပါတယ်။

Redmi K60 ဖုန်းဟာ အဓိကအနေနဲ့ OnePlus Ace 2 နဲ့ realme GT Neo 5 ဖုန်းတွေကို အဓိကပြိုင်ဆိုင်သွားမှာဖြစ်ပြီး Price-to-Performance ကောင်းမွန်တဲ့ဖုန်းတစ်လုံးဖြစ်လာမှာပါ။

Specs တွေအနေနဲ့ Qualcomm Snapdragon 8 Plus Gen 1 Chipset ကို အသုံးပြုထားပြီး RAM 12GB အထိ အသုံးပြုလာမှာဖြစ်ပါတယ်။​ Display အနေနဲ့ 6.67″ 2K OLED Display ကို အသုံးပြုထားပြီး In-Screen Fingerprint Sensor လည်းပါဝင်မှာပါ။ Battery အနေနဲ့ကတော့ 5500mAh Battery ပါဝင်မှာဖြစ်ပြီး 67W Wired Fast Charging နဲ့ 30W Wireless Charging တွေကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။​

Camera ပိုင်းမှာတော့ 64MP Sony IMX686 Camera Sensor ပါဝင်တဲ့ Triple Camera Setup အကို အသုံးပြုထားမှာဖြစ်ပြီး Selfie Camera အတွက်ကတော့ 16MP Sensor ကိုထည့်သွင်းထားမယ်လို့ သိရပါတယ်။

အခုထွက်ရှိလာတဲ့သတင်းတွေဟာ Redmi K60 ဖုန်းအတွက်ပဲဖြစ်ပြီး မိတ်ဆက်တဲ့အချိန်မှာတော့ တခြားသော Redmi K60 Pro နဲ့ Redmi K60 Gaming လိုမျိုး ဖုန်းတွေကိုပါ အတူမိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – Gizmo China