Redmi က ဒီလ ၂၇ ရက်နေ့ တရုတ်မှာ Redmi K60 Series ကို ကြေညာတော့မှာဖြစ်ပြီး အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် Redmi K60 Pro ရဲ့ Main ကင်မရာကို အတည်ပြုလိုက်ပါတယ်။ Redmi K60 Pro မှာ OIS ထောက်ပံ့တဲ့ Sony IMX800 Main ကင်မရာ ပါလာမှာဖြစ်ပြီး အဲဒီ ကင်မရာဟာ Xiaomi 13 နဲ့ တူညီပါတယ်။

Redmi K60 Pro camera

ကုမ္ပဏီက Redmi K60 Pro မှာ Optics, Color, Information Processing Flow နဲ့ Scene Optimization တို့လို  Optimization များစွာကို ကူညီပေးတဲ့ Xiaomi Imaging Brain 2.0 ထည့်ထားမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒီနည်းပညာဟာ ကင်မရာကို စတင်ဖွင့်တာ၊ Focusing ၊ Snapshots နဲ့ Image Previewing တို့ကိုလည်း လျှင်မြန်စေပါတယ်။ လက်ရှိမှာ တခြား အနောက်ကင်မရာတွေနဲ့ ဆဲလ်ဖီး ကင်မရာ အကြောင်း မသိရသေးပါဘူး။

Xiaomi to announce Redmi K60 series on December 27 - GSMArena.com news

Redmi K60 Pro မှာ OLED QHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာမယ်လို့ အတည်ပြုထားပြီးပါပြီ။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားမှာ ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားနိုင်ပါတယ်။

Snapdragon 8 Gen 2 မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB LPDDR5x RAM နဲ့ 512GB UFS 4.0 Storage ထည့်သွင်းထားမှာပါ။ 5,000mAh ဘက်ထရီ၊ 67W Wired Charging နဲ့ 30W Wireless Charging ပါလာမှာပါ။

Redmi K60 Pro နဲ့အတူ Redmi K60e နဲ့ K60 တို့ကိုပါ ကြေညာမှာ ဖြစ်ပြီး Dimensity 8200 နဲ့ Snapdragon 8 Plus Gen 1 အသီးသီး ထည့်ထားနိုင်ပါတယ်။ K60 Pro ကို နိုင်ငံတကာမှာ POCO F5 5G အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina