Xiaomi ဟာ လက်ရှိအချိန်မှာ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားတဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Xiaomi 13 Series တွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi ကနေ စျေးနှုန်းပိုမိုသက်သာတဲ့ Redmi K60 Series ကို မိတ်ဆက်ဖို့ ရှိနေပါသေးတယ်။

Redmi K60 Series ဖုန်းတွေနဲ့ ပတ်သက်ပြီး သတင်းတွေအများအပြားထွက်ရှိထားပြီးဖြစ်သလို Xiaomi ကိုယ်တိုင်ကလည်း Performance ပိုင်းကို အဓိကဦးစားပေးထားမယ့် ‘Ultra-high Performance” ဖုန်းတွေဖြစ်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုလည်း Redmi ရဲ့ တရားဝင် Weibo Account ကနေတစ်ဆင့် Redmi K60 Series ကို တရားဝင်မိတ်ဆက်လာနိုင်တဲ့အချိန်ကို ဖော်ပြခဲ့ပါတယ်။ ဒါကတော့ Redmi K60 Series ဖုန်းတွေဟာ ဒီဇင်ဘာလ ၂၇ရက်နေ့မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

Redmi ကိုယ်တိုင်ကတော့ K60 Series ကို Performance Series လို့ ခေါ်ဆိုထားပေမယ့် Redmi K60 တစ်မျိုးပဲ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Redmi K60 Pro ဟာ Snapdragon 8 Plus Gen 1 Chipset နဲ့ Redmi K60e ကတော့ MediaTek Dimensity 8200 Chipset ကို အသီးသီးအသုံးပြုလာကြမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Redmi K60 Series ဖုန်းတွေဟာ 120W Fast Charging ၊​ 120Hz QHD+ Display လိုမျိုး နည်းပညာတွေပါဝင်လာပြီး စျေးနှုန်းအရလည်း Xiaomi 13 Series ထက် ပိုမိုသက်သာနိုင်တာကြောင့် အောင်မြင်တဲ့ဖုန်းတွေဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China