iPhone 14 Pro Series မှာ မိတ်ဆက်လိုက်တဲ့ Dynamic Island ဟာ လူစိတ်ဝင်စားမှု များပြားပြီး ထူးခြားဆန်းသစ်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အဲဒီအတွက် Android စမတ်ဖုန်း ထုတ်လုပ်သူတွေကလည်း Dynamic Island လို လုပ်ဆောင်ချက်ကို သူတို့ရဲ့ စမတ်ဖုန်းတွေမှာ တုပ ထည့်သွင်းဖို့ ကြိုးစားလာကြပါတယ်။ Xiaomi MIUI Developer တွေဟာ အလားတူ လုပ်ဆောင်ချက်ကို ဖန်တီးနေပြီ ဖြစ်ပြီး Xiaomi က နောက်ထွက်မယ့် Redmi K60 မှာ တရားဝင် ထည့်သွင်းပေးလာနိုင်တဲ့ အရိပ်အယောင်တွေ မြင်လာရပါပြီ။

Lu Weibing Weibo post (machine translated from Chinese)

Xiaomi China ရဲ့ ဥက္ကဌ Lu Weibing က Smart Island ကို လိုချင်ကြသလားလို့ ဝီဘိုမှာ မေးမြန်းခဲ့တဲ့အခါမှာ User များစွာက Dynamic Island လို လုပ်ဆောင်ချက်မျိုးကို လိုချင်ကြတယ်လို့ ဖြေခဲ့ကြပြီး အနည်းငယ်ကသာ မလိုချင်ကြဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

MIUI Developer တွေဟာ သီချင်း ထိန်းချုပ်မှုနဲ့ တခြား Notification တွေအတွက် Dynamic Island ကို စတင် စမ်းသပ်နေကြပြီ ဖြစ်ပြီး အဲဒီ လုပ်ဆောင်ချက်ကို ဖန်တီးတဲ့ Developer တွေ ပိုများလာနိုင်ပါတယ်။

Dynamic Island...but make it Samsung : r/S22Ultra

Dynamic Island ဟာ iPhone 14 Pro Series တွေရဲ့ Punch Hole Cutout ကို ဖျောက်ပေးပြီး Notification ၊ သီချင်း ထိန်းချုပ်မှုနဲ့ တခြား သတင်းအချက်အလက်တွေကို Animation တွေနဲ့ ပြသပေးတာ ဖြစ်ပါတယ်။ ဒါဟာ Apple ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ တီထွင်ဖန်တီးမှု ဖြစ်ပြီး လူများစွာက နှစ်သက်နေကြပါတယ်။

Ref : gsmarena