Xiaomi ဟာ Redmi K80 စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ K70 Series ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး အခုတော့ Redmi K80 ကို တရုတ်မှာ မကြာခင် ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

Redmi K70

နာမည်ကြီး Tipster Smart Pikachu က ဒီသတင်းကို ဝီဘိုမှာ မျှဝေလိုက်တာ ဖြစ်ပါတယ်။ သူက Xiaomi ဟာ Redmi K80 Series ကို လျှင်မြန်စွာ ဖန်တီးထားနိုင်ပြီလို့ ပြောပါတယ်။ Xiaomi ဟာ Redmi K80 Series အတွက် နည်းဗျူဟာကို ပြောင်းလဲထားတယ်လို့ သူက ပြောပါတယ်။ Xiaomi ဟာ စွမ်းရည်မြင့် မော်ဒယ်ကို အာရုံစိုက်ထားပြီး တန်ဖိုးနည်း စွမ်းရည်သင့် မော်ဒယ်ကို မထုတ်တော့ဘူးလို့ သိရပါတယ်။

Redmi K80

Redmi K80e ကို K80 Series မှာ မထည့်သွင်းတော့ပါဘူး။ အဲဒီ K80 နဲ့ K80 Pro ကိုပဲ တရုတ်မှာ ကြေညာနိုင်ပါတယ်။ Tipster က Pro မော်ဒယ်အကြောင်းကိုတော့ မပြောသွားပါဘူး။ Smart Pikachu က e မော်ဒယ်ကို တခြား Series ဖြစ်တဲ့ Note Series မှာ ထည့်သွင်းနိုင်တယ်လို့ ပြောပါတယ်။ ဒါသာမှန်မယ်ဆိုရင် Redmi ဟာ Redmi Note 14e မော်ဒယ်ကို ရောင်းချနိုင်ပါတယ်။

လက်ရှိမှာ Redmi K80 အကြောင်းကို ဒီလောက်ပဲ သိရပါသေးတယ်။ အရင်က သတင်းအရ Redmi K80 နဲ့ K80 Pro မှာ နောက်မျိုးဆက် Snapdragon Processor ထည့်သွင်းထားနိုင်ပါတယ်။ Snapdragon 8 Gen 3 လား၊ Snapdragon 8 Gen 4 လားဆိုတာ မသိရသေးပါဘူး။

Ref : gizmochina