MediaTek ကနေ လာမယ့် မေလ ၁၈ ရက်နေ့မှာ Mid Range 5G Chipset အသစ်ကို မိတ်ဆက်သွားမှာဖြစ်ပြီး အဆိုပါ Chipset ကို Dimensity 820 ဆိုပြီး ခေါ်ဆိုသွားမှာဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း Redmi Note 10 ကို MediaTek Chipset နဲ့ TENAA မှာ တွေ့ရှိခဲ့ရပြီး အခုအချိန်မှာတော့ Redmi Note 10 ဟာ MediaTek ရဲ့ Dimensity 820 Chipset အသစ်ကို အသုံးပြုလာမယ်ဆိုတာသေချာသွားပြီဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိ Benchmark Website တစ်ခုဖြစ်တဲ့ Geekbench မှာ Dimensity 820 Chipset ရဲ့ Codename ဖြစ်တဲ့ MT6875 ကို အသုံးပြုထားတဲ့ Xiaomi ဖုန်း ၂ မျိုးကို တွေ့ရှိခဲ့ရတာကြောင့်ဖြစ်ပါတယ်။

Xiaomi ဖုန်း ၂ မျိုးဆိုပေမယ့် Codename အရ M2004J7AC နဲ့ M2004J7BC ဖြစ်တဲ့အတွက် နောက်ဖက်က “A” နဲ့ “B” ကလွဲပြီး ဆင်တူနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Redmi Note 10 ဖုန်းကိုပဲ RAM နဲ့ Storage Version လောက်ပဲ ကွာခြားမယ်လို့ ယူဆရပါတယ်။

 

အဆိုပါ Geekbench Benchmark တွေအရတော့ Single-Core Score ၆၀၀ မှတ်ကျော်နဲ့ Multi-Core Score ကို ၂၄၀၀ မှတ်ကျော်လောက် ရရှိထားတဲ့အတွက် Qualcomm Snapdragon 855 လိုမျိုး Flagship Chipset နီးပါး စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ Redmi Note 10 ဖုန်းတွေဟာ Android 10 နဲ့ RAM 8GB ပါဝင်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref – GSM Arena