Xiaomi ဟာ Redmi Note 11 Pro နဲ့ Pro 5G ကို ကြေညာလိုက်ပြီး တရုတ်က Redmi Note 11 Pro နဲ့ မတူပါဘူး။ နိုင်ငံတကာ မော်ဒယ်တွေ ဖြစ်ပြီး 5G သို့မဟုတ် 4G ထောက်ပံ့တဲ့ Chipset က လွဲကာ ကျန်တဲ့ အစိတ်အပိုင်းအားလုံးနီးပါး တူညီကြပါတယ်။

Redmi Note 11 Pro and Pro 5G unveiled with 120Hz OLED displays, 108MP cameras

Redmi Note 11 Pro 5G မှာ Snapdragon 695 Chipset မောင်းနှင်ထားပြီး 6GB or 8GB LPDDR4X RAM နဲ့ 64GB or 128GB UFS 2.2 Storage တွေ ထည့်သွင်းထားပါတယ်။ Redmi Note 11 Pro (4G) မှာ Helio G96 Chipset မောင်းနှင်ထားပြီး မော်ဒယ် ၂ ခုစလုံးမှာ Android 11 အခြေပြု MIUI 13 ထည့်သွင်းထားပါတယ်။

9) and 120 Hz refresh rate, Gorilla Glass 5

ဖုန်း ၂ လုံးစလုံးမှာ ၆.၆၇ လက်မ AMOLED 1080p+ မျက်နှာပြင်၊ 120Hz Refresh Rate နဲ့ 360Hz Touch Sampling Rate ထည့်သွင်းထားပြီး မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားကာ IP53 စံနှုန်း ပါပါတယ်။ အနောက်ဘက် ပင်မ ကင်မရာက 108MP ISOCELL HM2 Sensor ဖြစ်ပြီး 9-in-1 Binning နဲ့ 3x Zoom အထိ ထောက်ပံ့ပါတယ်။ 8MP Ultrawide ၊ 2MP Macro ကင်မရာတွေနဲ့ ပင်မ ကင်မရာကို အားဖြည့်ထားပါတယ်။ 4G မော်ဒယ်မှာ 2MP Depth ကင်မရာ ၁ လုံး အပို ထည့်သွင်းထားပါတယ်။

108 MP main camera on the Redmi Note 11 Pro 5G, plus 8 MP ultra wide and 2 MP macro

အရှေ့ဘက်မှာ 16MP ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ မြှပ်နှံထားပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီတွေ တပ်ဆင်ထားပြီး ၁၅ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Redmi Note 11 Pro နဲ့ Pro 5G ကို ဖေဖော်ဝါရီလမှာ ရောင်းချမှာပါ။ Pro 6/64GB ကို ၃၀၀ ဒေါ်လာနဲ့ 8/128GB ကို ၃၅၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၅၃၀,၀၀၀ နဲ့ ၆၂၀,၀၀၀ အသီးသီး ကျသင့်မှာပါ။ Pro 5G 6/64GB ကို ၃၃၀ ဒေါ်လာနဲ့ 8/128GB ကို ၃၈၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၅၉၀,၀၀၀ နဲ့ ၆၈၀,၀၀၀ လောက် အသီးသီး တန်ကြေးရှိပါတယ်။

Ref : gsmarena