Xiaomi က အောက်တိုဘာလ ၂၇ ရက်နေ့ ဘေဂျင်း စံတော်ချိန် ည ၇ နာရီမှာ Redmi Note 12 Series ကို ကြေညာတော့မှာ ဖြစ်ပြီး အနည်းဆုံး စမတ်ဖုန်း ၃ လုံး ပါလာမယ်လို့ ထင်ပါတယ်။ Redmi Note 12 Series မှာ Redmi Note 12, Note 12 Pro နဲ့ Note 12 Pro+ စတဲ့ မော်ဒယ် ၃ မျိုး ပါလာမှာ ဖြစ်ပြီး MediaTek Dimensity 1080 Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Xiaomi က Redmi Note 12 Pro မှာ 50MP Sony IMX 766 Main ဆန်ဆာ ပါလာမယ်လို့ ပိုစတာ တစ်ခုမှာ အတည်ပြုထားပါတယ်။ အဲဒါဟာ 1/1.56” ဆန်ဆာ ဖြစ်ပြီး 2μm Fusion Pixels ကို ဖမ်းယူပေးနိုင်အောင် စွမ်းရည် မြင့်မားပါတယ်။

Redmi Note 12 , Note 12 Pro နဲ့ Note 12 Pro+ မှာ 67W, 120W နဲ့ 210W Fast Charging ပါလာမှာ ဖြစ်ပါတယ်။ Redmi Note 12 Pro+ မှာ 200MP Main ကင်မရာနဲ့ AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားနိုင်ပါတယ်။ Xiaomi က Redmi Note 12 Series မှာ အဓိက နည်းပညာ ၂ ခု ပါလာမှာ ဖြစ်ပြီး ၁ ခုက ကမ္ဘာ့ ပထမဆုံး ဖြစ်မယ်လို့ တရားဝင် အသိပေးထားပါတယ်။

Xiaomi ဟာ Redmi Note 11 Series မော်ဒယ် ၁၈ လုံးကို ၂၀၂၁ ခုနှစ်က ကြေညာခဲ့ပြီး ဒီနှစ်မှာလည်း Redmi Note 12 Series မော်ဒယ်များစွာကို မိတ်ဆက်မှာ ဖြစ်ပါတယ်။

Ref : gsmarena