Redmi Note 12 Series ကို တရုတ်နဲ့ အိန္ဒိယမှာ ရောင်းချပေးထားပြီး အခုတော့ ကုမ္ပဏီက Note 12 Series ကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက Redmi Note 12 Series ကို နိုင်ငံတကာမှာ မတ်လ ၂၃ ရက်နေ့ ကြေညာမယ်လို့ တွစ်တာမှာ သတင်းပေးထားပါတယ်။

သတင်းတွေအရ Redmi Note 12 Series မှာ Redmi Note 12 5G, Note 12 Pro 5G နဲ့ Note 12 Pro+ 5G တို့ ပါဝင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာအတွက် Redmi Note 12 4G နဲ့ Redmi Note 12S ကိုပါ မိတ်ဆက်နိုင်ပြီး အဲဒီ ဖုန်းတွေကို တခြား နိုင်ငံတွေမှာ မကြေညာရသေးပါဘူး။

Redmi Note 12 series to be released globally very soon, full list of global devices here! - xiaomiui

Redmi Note 12S ရဲ့ ဒီဇိုင်းဟာ အရင်နှစ်က Redmi Note 11S နဲ့ တူညီနိုင်ပြီး Specs တွေလည်း မကွဲပြားနိုင်ပါဘူး။ ဒါပေမယ့် 33W Charging အစား Note 12S မှာ 67W Fast Charging ပါလာနိုင်ပါတယ်။

Redmi Note 12 4G ကို နိုင်ငံတကာမှာ Redmi Note 12 အနေနဲ့ ရောင်းချနိုင်ပြီး Snapdragon 685 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်ပါတယ်။ တခြား Specs တွေကို ပြောရရင် 6.67 Inch AMOLED FHD+ 120Hz မျက်နှာပြင်၊ 13MP အရှေ့ကင်မရာ၊ 50MP အနောက်ကင်မရာ၊ 5,000mAh Battery နဲ့ 33W Fast Charging ပါလာနိုင်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Android 13 အခြေပြု MIUI 14 ထည့်ထားနိုင်ပါတယ်။

နိုင်ငံတကာမှာ ရောင်းမယ့် Redmi Note 12 5G, Note 12 Pro 5G နဲ့ Note 12 Pro+ 5G တို့ဟာ တရုတ်နဲ့ အိန္ဒိယက မော်ဒယ်တွေနဲ့ တူညီမှာပါ။ Note 12 5G မှာ Snapdragon 4 Gen 1 Chipset နဲ့ Pro မော်ဒယ်တွေမှာ Dimensity 1080 Chipset ထည့်ထားပါတယ်။

Redmi ဟာ Redmi A2 နဲ့ Redmi A2+ တို့လို တခြား ဖုန်းတွေကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်နေပြီး မတ်လ ၂၃ ရက်နေ့ ကြေညာမလားဆိုတာ မသိရသေးပါဘူး။

Ref : gizmochina