MediaTek ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက 200MP Camera Sensor တွေကို ထောက်ပံ့ပေးနိုင်တဲ့ Dimensity 1080 Chipset အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Dimensity 1080 Chipset ဟာ Mid Range စမတ်ဖုန်းတွေမှာ Camera ပိုင်းသိသိသာသာအဆင့်မြှင့်တင်လာစေမယ့် Chipset တစ်ခုဖြစ်ပါတယ်။​

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Xiaomi ဟာ အဆိုပါ MediaTek Dimensity 1080 Chipset ကို အစောဆုံးအသုံးပြုလာမယ့် စမတ်ဖုန်းထုတ်လုပ်သူဖြစ်လာနိုင်ပါတယ်။ Xiaomi ကနေ ယခုနှစ်အတွင်းမှာ မိတ်ဆက်လာဦးမယ့် Redmi Note 12 ဖုန်းတွေမှာ အဆိုပါ Dimensity 1080 Chipset ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

Redmi Note 12 ဖုန်းမှာ Dimensity 1080 Chipset ကို အသုံးပြုလာမယ်ဆိုတဲ့သတင်းကိုတော့ တရုတ်နိုင်ငံအတွင်းက နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Weibo စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Redmi Note 12 Series ဖုန်းတွေအကုန်လုံး Dimensity 1080 Chipset ကို သုံးလာမလားဆိုတာကိုတော့ အတိအကျပြေကြားခဲ့ခြင်းမရှိပါဘူး။

စွမ်းဆောင်ရည်ပိုင်းမှာတော့ Redmi Note 12 မှာ အသုံးပြုထားတဲ့ Dimensity 1080 Chipset ဟာ Qualcomm ရဲ့ Snapdragon 778G Chipset ဝန်းကျင်ရှိမှာဖြစ်ပြီး Antutu Benchmark အနေနဲ့ ၅၂၀,၀၀၀ ကျော်ရရှိထားတယ်လို့ သိရပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးကောင်းမွန်လာမှာပါ။

Ref – Gizmo China