Redmi Note 12 Series ကို တရုတ်မှာ အောက်တိုဘာလကုန်က ကြေညာခဲ့ပြီး မော်ဒယ် ၄ မျိုး ပါလာပါတယ်။ နံပါတ် ၅ မော်ဒယ်ကို ဒီဇင်ဘာလမှာ မိတ်ဆက်ခဲ့ပြီး အရင်မော်ဒယ် ၃ မျိုးကို အိန္ဒိယမှာ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။

Redmi Note 12 Turbo launch tipped, may be next Redmi Note 12 series model

အခုတော့ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ် ၁ ခုက ကုမ္ပဏီဟာ နောက်ထပ် Redmi Note 12 Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မယ်လို့ ပြောပါတယ်။

Another Expected Device In Redmi Note 12 Series: Redmi Note 12 Turbo - xiaomiui

Kacper Skrzypek က  ဒီသတင်းကို ပေးထားတာ ဖြစ်ပြီး နောက်ထပ် Redmi Note 12 Series ဖုန်း အသစ်ရဲ့ အမည်ဟာ Redmi Note 12 Turbo လို့ ပြောပါတယ်။ လျှို့ဝှက်အမည်က Marble ဖြစ်ပြီး Qualcomm Chipset ထည့်သွင်းထားမှာပါ။ Xiaomiui က Android 13 အခြေပြု MIUI 14 မောင်းနှင်ထားမယ်လို့ ပြောပါတယ်။

လက်ရှိမှာ Redmi Note 12 Turbo ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ လာမယ့် ရက်ပိုင်းအတွင်း အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမိုသိလာရနိုင်ပါတယ်။ မိတ်ဆက်ပွဲ နီးလာတာနဲ့အမျှ Certification Websites တွေမှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Xiaomi ဟာ Redmi Note 12 Turbo အပြင် Redmi Note 12 Pro 4G ကိုလည်း ကြေညာမယ်လို့ ထင်ရပါတယ်။

Ref : gizmochina