Xiaomi ကနေ ပြီးခဲ့တဲ့ဇွန်လအစောပိုင်းမှာ Redmi 7A လိုမျိုး Entry စမတ်ဖုန်းတွေအတွက် Android 10 Update ကို ထုတ်ပေးခဲ့ပါတယ်။ တနေ့တုန်းကလည်း Redmi 7 ဖုန်းအတွက် Android 10 Update ရရှိခဲ့သလို အခုလည်း လူကြိုက်များအောင်မြင်ခဲ့တဲ့စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Redmi Note 7 စမတ်ဖုန်းအတွက် Android 10 Update ကို ထုတ်ပေးလိုက်ပါပြီ။

အဆိုပါ Redmi Note 7 အတွက် Android 10 Update ကိုတော့ လောလောဆယ်မှာ China ROM Version အတွက်ပဲ ထုတ်ပေးထားတာဖြစ်ပြီးတော့ MIUI 11 ကိုပဲ ဆက်လက်အသုံးပြုထားဦးမှာပါ။ MIUI Version အနေနဲ့ကတော့ V11.0.2.0.QFGCNXM ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး Android 10 Update ကိုရရှိလာပေမယ့် MIUI 11 ပဲအသုံးပြုထားဆဲဖြစ်တဲ့အတွက် Feature အသစ်တွေအနေနဲ့တော့ သိသိသာသာပြောင်းလဲသွားမှာမဟုတ်ပါဘူး။ Feature ပိုင်းအသစ်တွေရရှိဖို့အတွက်ကတော့ လာမယ့်ရက်သတ္တပတ်ပိုင်းမှာ MIUI 12 Update ကျမှပဲရရှိလာမှာဖြစ်ပါတယ်။

Xiaomi ဖုန်းတွေဟာ ပုံမှန်အားဖြင့် MIUI Version ၃ ခုလောက်အထိ Update ရတတ်တဲ့အတွက် MIUI 12 ဟာ Redmi Note 7 ဖုန်းအတွက် နောက်ဆုံး MIUI Major Update ဖြစ်လာမလားဆိုတာကိုတော့ ခန့်မှန်းရခက်နေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ Redmi 7 နဲ့ Note 7 ဖုန်းတွေ Android 10 Update ရရှိပြီးဖြစ်တဲ့အတွက် မကြာခင်မှာ Redmi 8 နဲ့ Note 8 Series တွေအတွက် Android 10 Update ကို ရရှိလာနိုင်ပါတယ်။

Ref – Gizmo China