[Zawgyi]

ေလာေလာဆယ္မွာ အရမ္းေဟာ့ေနခဲ့တဲ့ Redmi Note 7 ဟာ Pro ဗားရွင္းအေနနဲ႔ ထပ္ထြက္လာဦးမွာ ျဖစ္ၿပီး 48MP ကင္မရာနဲ႔ စေဖာက္လာတဲ့ ဖုန္းရဲ႕ Pro ဗားရွင္းမွာ ေစ်းအနည္းငယ္ပိုျမင့္ကာ အတြင္းပုိင္းေတြကို အဆင့္ျမွင့္တင္လာမွာျဖစ္ပါတယ္။

Redmi Note 7 ကိုလာမယ့္အပတ္မွာ အိႏၵိယေစ်းကြက္ကို စျဖန္႔ခ်ိေတာ့မွာျဖစ္ေပမယ့္ မထြက္ေသးတဲ့ Note 7 Pro ကိုႀကဳိေမွ်ာ္ေနတဲ့ ပရိသတ္ကလည္း မနည္းပါဘူး။ Redmi အမႈေဆာင္အရာရွိခ်ဳပ္က သူ႕ရဲ႕ Weibo အေကာင့္ကေန ထပ္ထြက္လာမယ့္ Pro ဗားရွင္းမွာလည္း 48MP ကင္မရာပါဦးမွာျဖစ္ကာ Samsung ISOCELL အစား Sony IMX586 Sensor ကိုေျပာင္းလဲသုံးစြဲလာမယ္လို႔ အတည္ျပဳခဲ့ပါတယ္။

Redmi Note 7 Pro ဟန္းဆက္ဟာ ခ်စ္ပ္ဆက္ပုိင္းကိုလည္း Snapdragon 670 သို႔မဟုတ္ 675 ကို အဆင့္ျမွင့္တင္ၿပီး သုံးစြဲလာဖို႔ ရွိတယ္။ Fingerprint ကိုေတာ့ Display ေအာက္မွာ ထည့္လာမယ္လို႔ ယူဆရေပမယ့္ စီအီးအုိျဖစ္သူ Lu Weibing တင္ခဲ့တဲ့ပုံမွာေတာ့ ေက်ာဘက္မွာ Sensor တစ္ခုကို ျမင္ေနရပါတယ္။ အျခားအေနနဲ႔ေတာ့ မန္မုိရီပုိင္းက 6 / 128 GB ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

တကယ္လို႔ ထင္ထားသလိုသာ Specs ေတြေျပာင္းလဲလာရင္ေတာ့ Redmi Note 7 Pro စမတ္ဖုန္းဟာ ေဒၚလာ ၂၀၀ ဝန္းက်င္သာရွိတဲ့ 4/64 GB မန္မုိရီနဲ႔ Redmi Note 7 ထက္ ေစ်းပိုလာမွာ အေသအခ်ာပါပဲ။ ေပါက္ၾကားလာတဲ့ အခ်က္အလက္ေတြအရေတာ့ 6/64GB မန္မုိရီနဲ႔ Redmi Note 7 Pro တစ္လုံးဟာ တရုတ္ယြမ္ေငြ ၁,၅၉၉ (ျမန္မာေငြ သုံးသိန္းေျခာက္ေသာင္းဝန္းက်င္) က်သင့္မယ္လို႔ သိရပါတယ္။

Ref – GSM Arena

[Unicode]

လောလောဆယ်မှာ အရမ်းဟော့နေခဲ့တဲ့ Redmi Note 7 ဟာ Pro ဗားရှင်းအနေနဲ့ ထပ်ထွက်လာဦးမှာ ဖြစ်ပြီး 48MP ကင်မရာနဲ့ စဖောက်လာတဲ့ ဖုန်းရဲ့ Pro ဗားရှင်းမှာ ဈေးအနည်းငယ်ပိုမြင့်ကာ အတွင်းပိုင်းတွေကို အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။

Redmi Note 7 ကိုလာမယ့်အပတ်မှာ အိန္ဒိယဈေးကွက်ကို စဖြန့်ချိတော့မှာဖြစ်ပေမယ့် မထွက်သေးတဲ့ Note 7 Pro ကိုကြိုမျှော်နေတဲ့ ပရိသတ်ကလည်း မနည်းပါဘူး။ Redmi အမှုဆောင်အရာရှိချုပ်က သူ့ရဲ့ Weibo အကောင့်ကနေ ထပ်ထွက်လာမယ့် Pro ဗားရှင်းမှာလည်း 48MP ကင်မရာပါဦးမှာဖြစ်ကာ Samsung ISOCELL အစား Sony IMX586 Sensor ကိုပြောင်းလဲသုံးစွဲလာမယ်လို့ အတည်ပြုခဲ့ပါတယ်။

Redmi Note 7 Pro ဟန်းဆက်ဟာ ချစ်ပ်ဆက်ပိုင်းကိုလည်း Snapdragon 670 သို့မဟုတ် 675 ကို အဆင့်မြှင့်တင်ပြီး သုံးစွဲလာဖို့ ရှိတယ်။ Fingerprint ကိုတော့ Display အောက်မှာ ထည့်လာမယ်လို့ ယူဆရပေမယ့် စီအီးအိုဖြစ်သူ Lu Weibing တင်ခဲ့တဲ့ပုံမှာတော့ ကျောဘက်မှာ Sensor တစ်ခုကို မြင်နေရပါတယ်။ အခြားအနေနဲ့တော့ မန်မိုရီပိုင်းက 6 / 128 GB ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

တကယ်လို့ ထင်ထားသလိုသာ Specs တွေပြောင်းလဲလာရင်တော့ Redmi Note 7 Pro စမတ်ဖုန်းဟာ ဒေါ်လာ ၂၀၀ ဝန်းကျင်သာရှိတဲ့ 4/64 GB မန်မိုရီနဲ့ Redmi Note 7 ထက် ဈေးပိုလာမှာ အသေအချာပါပဲ။ ပေါက်ကြားလာတဲ့ အချက်အလက်တွေအရတော့ 6/64GB မန်မိုရီနဲ့ Redmi Note 7 Pro တစ်လုံးဟာ တရုတ်ယွမ်ငွေ ၁,၅၉၉ (မြန်မာငွေ သုံးသိန်းခြောက်သောင်းဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Ref – GSM Arena