Xiaomi ဟာ မကြာခင်မှာ MIUI Version အသစ်ဖြစ်တဲ့ MIUI 12.5 ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာလည်း လက်ရှိ စမတ်ဖုန်းတွေအများအပြားကို MIUI 12 Update ထုတ်ပေးထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း Xiaomi ရဲ့ အောင်မြင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Redmi Note 8 Pro ဖုန်းအနေနဲ့ကတော့ MIUI 12 Update တင်ပြီး ပြဿနာတစ်ခုနဲ့ ကြုံ့တွေ့နေရတယ်လို့ သိရပါတယ်။ ဒါကတော့ Update ပြုလုပ်တဲ့အချိန်မှာ Bootloop ဖြစ်နေတာပါ။

အခုလိုမျိုး Bootloop ဖြစ်ပွားတဲ့ MIUI 12 Update ဟာ Build Number အနေနဲ့ V12.0.3.0.QGGEUXM ဖြစ်တယ်လို့ သိရပြီး Europe ပိုင်းမှာ ပိုပြီးကြုံတွေ့နေရတာဖြစ်ပါတယ်။ ဖြစ်ပွားတဲ့ပြဿနာအနေနဲ့ကတော့ Bootloop ဖြစ်တဲ့ Mi Logo မှာ လည်နေတာမျိုးအပြင် Recovery Mode ကနေ ဘာမှလုပ်မရတာမျိုးလည်း ဖြစ်ပွားနေပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ PC ကနေ တစ်ဆင့် Mi PC Suite ကို အသုံးပြုပြီး Firmware Restore ပြုလုပ်ဖို့အတွက်ကလည်း အဆင်မပြေသေးဘူးလို့ ဖော်ပြထားတဲ့အတွက် Redmi Note 8 Pro ကို အသုံးပြုနေတယ်ဆိုရင် MIUI 12 ကို Update မလုပ်သေးတာပဲ အကောင်းဆုံးဖြစ်မှာပါ။

Xiaomi အနေနဲ့ကတော့ ယခုပြဿနာကို ပြန်လည်ဖြေရှင်းထားခြင်းမရှိသေးသလို ဘာကြောင့်အခုလိုမျိုးဖြစ်ပွားရတယ်ဆိုတာကိုလည်း ပြောကြားထားခြင်းမရှိပါဘူး။

Ref – Notebook Check