[Zawgyi]

ၾသဂုတ္လ ၂၉ ရက္ေန႔မွာ တရားဝင္မိတ္ဆက္ေတာ့မယ့္ Note 8 နဲ႔ Note 8 Pro အေၾကာင္းေတြကေတာ့ ကုမၸဏီရဲ႕ Teaser ေတြနဲ႔အတူ မီဒီယာစာမ်က္ႏွာေတြထက္မွာ ေနရာယူလာၾကျပန္ပါၿပီ။ ၿပီးခဲ့တဲ့ရက္ကပဲ Note 8 Pro ရဲ႕ 64MP ကင္မရာနဲ႔ 25x Zoom အေၾကာင္းကို ကုမၸဏီက Tease လုပ္ခဲ့ပါတယ္။

အခုေတာ့ Redmi Note 8 Pro ဟာ Liquid cooling ပါဝင္တဲ့အေၾကာင္းကို အတည္ျပဳႏိုင္တဲ့ ပိုစတာလည္း ထြက္ေပၚလာၿပီ ျဖစ္ပါတယ္။ တရားဝင္ ပိုစတာမွာေတာ့ Liquid cooling ဟာ အပူခ်ိန္ကို ၆ ဒီဂရီ ဆဲလ္စီယပ္အထိ ေလွ်ာ့ခ်ေပးႏိုင္မယ္လို႔ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ အခ်ိန္ၾကာျမင့္စြာ ဂိမ္းကစားသူေတြအတြက္ အေတာ္ေလး အဆင္ေျပေစမယ့္ အေနအထားပါ။

Redmi Note 8 နဲ႔ Note 8 Pro တို႔ကို ဘယ္အခ်ိန္ေဈးကြက္ထဲျဖန႔္မလဲဆိုတဲ့အေၾကာင္း သိခ်င္သူေတြမ်ားေနၿပီး အြန္လိုင္းမွာ ရွာေဖြသူ သန္းနဲ႔ခ်ီေနၿပီလို႔လည္း သိရပါတယ္။ ဒါေၾကာင့္ ကုမၸဏီအေနနဲ႔ ပထမဆုံး ေရာင္းခ်မႈကို အဆင္ေျပေျပ၊ ျမန္ျမန္ျမန္ဆန္ဆန္နဲ႔ ျဖတ္သန္းသြားၿပီး Note 7 ရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္သြားႏိုင္ဖြယ္ ရွိေနပါတယ္။

Redmi Note 8 နဲ႔ Note 8 Pro တို႔ဟာ Helio G90T Chipset အသုံးျပဳထားၾကတာျဖစ္ပါတယ္။ ဒီ Chipset ေတြဟာ ဂိမ္းမင္းအတြက္ အဓိကထားတာျဖစ္ၿပီး အခုလို Liquid cooling နဲ႔ တြဲဖက္ေပးလိုက္ေတာ့ စိတ္ဝင္စားစရာ ပိုၿပီးေကာင္းလာၿပီ ျဖစ္ပါတယ္။ ေက်ာဘက္ ကင္မရာေလးလုံးစီ တပ္ဆင္ေပးထားတယ္ဆိုေပမယ့္ Redmi Note 8 ရဲ႕အဓိကကင္မရာက 48MP ပဲျဖစ္ၿပီး Note 8 Pro ရဲ႕အဓိကကင္မရာကေတာ့ 64MP ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

ဂိမ်းကစားသူတွေအကြိုက် Liquid Cooling ပါဝင်တဲ့ Redmi Note 8 Pro

သြဂုတ်လ ၂၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်တော့မယ့် Note 8 နဲ့ Note 8 Pro အကြောင်းတွေကတော့ ကုမ္ပဏီရဲ့ Teaser တွေနဲ့အတူ မီဒီယာစာမျက်နှာတွေထက်မှာ နေရာယူလာကြပြန်ပါပြီ။ ပြီးခဲ့တဲ့ရက်ကပဲ Note 8 Pro ရဲ့ 64MP ကင်မရာနဲ့ 25x Zoom အကြောင်းကို ကုမ္ပဏီက Tease လုပ်ခဲ့ပါတယ်။

အခုတော့ Redmi Note 8 Pro ဟာ Liquid cooling ပါဝင်တဲ့အကြောင်းကို အတည်ပြုနိုင်တဲ့ ပိုစတာလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ တရားဝင် ပိုစတာမှာတော့ Liquid cooling ဟာ အပူချိန်ကို ၆ ဒီဂရီ ဆဲလ်စီယပ်အထိ လျှော့ချပေးနိုင်မယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့် အချိန်ကြာမြင့်စွာ ဂိမ်းကစားသူတွေအတွက် အတော်လေး အဆင်ပြေစေမယ့် အနေအထားပါ။

Redmi Note 8 နဲ့ Note 8 Pro တို့ကို ဘယ်အချိန်ဈေးကွက်ထဲဖြန့်မလဲဆိုတဲ့အကြောင်း သိချင်သူတွေများနေပြီး အွန်လိုင်းမှာ ရှာဖွေသူ သန်းနဲ့ချီနေပြီလို့လည်း သိရပါတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ ပထမဆုံး ရောင်းချမှုကို အဆင်ပြေပြေ၊ မြန်မြန်မြန်ဆန်ဆန်နဲ့ ဖြတ်သန်းသွားပြီး Note 7 ရဲ့စံချိန်ကို ကျော်ဖြတ်သွားနိုင်ဖွယ် ရှိနေပါတယ်။

Redmi Note 8 နဲ့ Note 8 Pro တို့ဟာ Helio G90T Chipset အသုံးပြုထားကြတာဖြစ်ပါတယ်။ ဒီ Chipset တွေဟာ ဂိမ်းမင်းအတွက် အဓိကထားတာဖြစ်ပြီး အခုလို Liquid cooling နဲ့ တွဲဖက်ပေးလိုက်တော့ စိတ်ဝင်စားစရာ ပိုပြီးကောင်းလာပြီ ဖြစ်ပါတယ်။ ကျောဘက် ကင်မရာလေးလုံးစီ တပ်ဆင်ပေးထားတယ်ဆိုပေမယ့် Redmi Note 8 ရဲ့အဓိကကင်မရာက 48MP ပဲဖြစ်ပြီး Note 8 Pro ရဲ့အဓိကကင်မရာကတော့ 64MP ဖြစ်ပါတယ်။

Ref: GSM Arena