[Zawgyi]

အိႏၵိယမွာ Redmi Note 8 ရဲ႕ 4/64GB နဲ႔ 6/128GB Model ေတြ ေရာင္းခ်ေပးထားပါတယ္။ ရူပီး ၉,၉၉၉ နဲ႔ ၁၂,၉၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၁၀,၀၀၀ နဲ႔ ၂၇၀,၀၀၀ အသီးသီး တန္ေၾကးရွိပါတယ္။ အခုေတာ့ Xiaomi India ဟာ 3/32GB Model ကို ေရာင္းခ်မယ္လို႔ သတင္းထြက္လာပါတယ္။ 91Mobiles က ဒီသတင္းကို ဖြလိုက္တာ ျဖစ္ၿပီး 3/32GB Model ရဲ႕ ဘူးခြံဓါတ္ပံုကို ျပသလိုက္ပါတယ္။

ဓါတ္ပံုက 3/32GB  Model ဟာ Neptune Blue အေရာင္ ျဖစ္ၿပီး Space Black နဲ႔ Moonlight White အေရာင္ေတြကိုလည္း ေရာင္းခ်ႏိုင္ပါတယ္။ RAM နဲ႔ Storage ပဲ ကြဲျပားတာ ျဖစ္ၿပီး တျခား Specs ေတြက အရင္ Model ေတြနဲ႔ တူညီၾကပါတယ္။ 91Mobiles က Model အသစ္ကို ရူပီး ၉,၇၉၉ နဲ႔ ေရာင္းခ်မယ္လို႔ ေျပာၿပီး ျမန္မာေငြ ၂၀၀,၀၀၀ ေလာက္ရွိပါတယ္။  4/64GB Model ထက္ ၃ ေဒၚလာေလာက္ပဲ နည္းပါတယ္။

Xiaomi က အဲဒီ ဖုန္းကို အြန္လိုင္းက မဟုတ္ဘဲ ေျမျပင္ စတိုးဆိုင္ေတြကေန ေရာင္းခ်ေပးဖို႔ ရည္မွန္းထားပါတယ္။ RAM နဲ႔ Storage ပိုမ်ားတဲ့ Model ေတြကို Xiaomi Flash Sales ေတြကေန ၀ယ္ယူရမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ Flash Sale ကို ဒီလ ၁၉ ရက္ေန႔မွာ ေရာင္းေပးမွာ ျဖစ္ပါတယ္။

Redmi Note 8 မွာ ၆.၃ လက္မ FHD+ (2280×1080) Display ထည့္သြင္းထားၿပီး Waterdrop Notch ပါပါတယ္။ Snapdragon 665 Processor ေမာင္းႏွင္ထားၿပီး Storage ျမွင့္တင္ဖို႔အတြက္ microSD Card စိုက္ႏုိင္ပါတယ္။ ဆဲလ္ဖီး ကင္မရာက 13MP နဲ႔ အေနာက္ကင္မရာ ၄ လံုးက 48MP + 8MP + 2MP + 2MP ျဖစ္ပါတယ္။ 18W Fast Charging ပါတဲ့ 4,000mAh Battery ပါလာပါတယ္။

Ref : gizmochina

[Unicode]

အိန္ဒိယမှာ Redmi Note 8 ရဲ့ 3/32GB Model ထွက်မည်

အိန္ဒိယမှာ Redmi Note 8 ရဲ့ 4/64GB နဲ့ 6/128GB Model တွေ ရောင်းချပေးထားပါတယ်။ ရူပီး ၉,၉၉၉ နဲ့ ၁၂,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၂၁၀,၀၀၀ နဲ့ ၂၇၀,၀၀၀ အသီးသီး တန်ကြေးရှိပါတယ်။ အခုတော့ Xiaomi India ဟာ 3/32GB Model ကို ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ 91Mobiles က ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပြီး 3/32GB Model ရဲ့ ဘူးခွံဓါတ်ပုံကို ပြသလိုက်ပါတယ်။

ဓါတ်ပုံက 3/32GB Model ဟာ Neptune Blue အရောင် ဖြစ်ပြီး Space Black နဲ့ Moonlight White အရောင်တွေကိုလည်း ရောင်းချနိုင်ပါတယ်။ RAM နဲ့ Storage ပဲ ကွဲပြားတာ ဖြစ်ပြီး တခြား Specs တွေက အရင် Model တွေနဲ့ တူညီကြပါတယ်။ 91Mobiles က Model အသစ်ကို ရူပီး ၉,၇၉၉ နဲ့ ရောင်းချမယ်လို့ ပြောပြီး မြန်မာငွေ ၂၀၀,၀၀၀ လောက်ရှိပါတယ်။ 4/64GB Model ထက် ၃ ဒေါ်လာလောက်ပဲ နည်းပါတယ်။

Xiaomi က အဲဒီ ဖုန်းကို အွန်လိုင်းက မဟုတ်ဘဲ မြေပြင် စတိုးဆိုင်တွေကနေ ရောင်းချပေးဖို့ ရည်မှန်းထားပါတယ်။ RAM နဲ့ Storage ပိုများတဲ့ Model တွေကို Xiaomi Flash Sales တွေကနေ ဝယ်ယူရမှာ ဖြစ်ပါတယ်။ နောက်ထပ် Flash Sale ကို ဒီလ ၁၉ ရက်နေ့မှာ ရောင်းပေးမှာ ဖြစ်ပါတယ်။

Redmi Note 8 မှာ ၆.၃ လက်မ FHD+ (2280×1080) Display ထည့်သွင်းထားပြီး Waterdrop Notch ပါပါတယ်။ Snapdragon 665 Processor မောင်းနှင်ထားပြီး Storage မြှင့်တင်ဖို့အတွက် microSD Card စိုက်နိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 13MP နဲ့ အနောက်ကင်မရာ ၄ လုံးက 48MP + 8MP + 2MP + 2MP ဖြစ်ပါတယ်။ 18W Fast Charging ပါတဲ့ 4,000mAh Battery ပါလာပါတယ်။

Ref : gizmochina