Redmi Note 9 Pro ကို ပြီးခဲ့တဲ့မတ်လတုန်းက ကြေညာခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာတင် အကုန်ရောင်းခဲ့ရတာပါ။ Redmi ဟာ သူ့ရဲ့ Note 9 Pro စီးရီးကို မူကွဲတွေ ထပ်ပြီးထုတ်လုပ်ရောင်းချင်နေတာ ဖြစ်ပါတယ်။

အခုလည်း Note 9 Pro နဲ့ Note 9 Pro Max တွေရဲ့ ဗားရှင်းသစ်တွေကို ထပ်ပြီး ကြေညာလိုက်ပြန်ပါပြီ။ Redmi Note 9 Pro က 4GB RAM + 128GB storage အမျိုးအစားဖြစ်ပြီး Redmi Note 9 Pro Max ကတော့ 8GB RAM + 128GB storage အမျိုးအစားဖြစ်ပါတယ်။ ဒီဗားရှင်းသစ်တွေကို ဇူလိုင်လ ၂၈ ရက်နေ့ ဒီနေ့မှာ စတင်ရောင်းချမှာလည်း ဖြစ်ပါတယ်။

Amazon India နဲ့ Mi.com တွေမှာရောင်းချမယ့် ဒီဟန်းဆက်တွေအနက် Note 9 Pro ကို $214 ( ၂ သိန်း ၉ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပြီး Note 9 Pro Max ရဲ့ ရောင်းဈေးကတော့ $267 (၃ သိန်း ၆ သောင်း ဝန်းကျင်) ဖြစ်ပါတယ်။ Note 9 Pro Max ရောင်းချရက်ကတော့ တစ်ရက်နောက်ကျပြီး ၂၉ ရက်နေ့မှ ရောင်းချမှာ ဖြစ်ပါတယ်။

ဒါကြောင့် မျိုးကွဲသစ်တွေနဲ့အတူ Note 9 Pro နဲ့ Note 9 Pro Max တွေကို ရွေးချယ်စရာ အသီးသီးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Redmi Note 9 Pro ဟာ 6.67-inch FHD+ မျက်နှာပြင်နဲ့ဖြစ်ပြီး Snapdragon 720G processor, 5020mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။ Pro အမျိုးအစားဟာ  48MP အဓိကကင်မရာ အသုံးပြုထားပေမယ့်လည်း Pro Max အမျိုးအစားမှာတော့ 64MP အဓိက ကင်မရာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

Ref: Gizmochina