သတင်းများစွာ ထွက်နေတဲ့ Redmi Note 9 Pro ကို တရားဝင် ကြေညာလိုက်ပါပြီ။ အဲဒီ ဖုန်းအပြင် Redmi Note 9 Pro Max ကိုပါ Xiaomi က ချပြလိုက်ပြီး ဖုန်း ၂ လုံးရဲ့ အဓိက ကွာခြားချက်က ကင်မရာနဲ့ အားသွင်းနှုန်းတွေ ဖြစ်ပါတယ်။ Redmi Note 9 Pro မှာ 16MP ဆဲလ်ဖီး ကင်မရာ ပါလာပြီး Max မှာ ၂ ဆပိုများတဲ့ 32MP ထည့်ထားပါတယ်။ မျက်နှာပြင်ရဲ့ အထက် အလယ်က Punch Hole မှာ ကင်မရာ တပ်ဆင်ထားတာပါ။  Note 9 Pro ရဲ့ အနောက်ဘက် ပင်မ ကင်မရာက 48MP ဖြစ်ပြီး Max မှာ 64MP နဲ့ အဆင့်မြှင့်ထားပါတယ်။ ကျန်တဲ့ အနောက်ကင်မရာ ၃ လုံးက တူညီပြီး 8MP Ultrawide , 5MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။

ဖုန်း ၂ လုံးမှာ တူညီတဲ့ 5,020mAh ဘက်ထရီ တပ်ဆင်ထားပြီး Redmi Note 9 Pro မှာ 18W နဲ့ Max မှာ 33W Fast Charging တွေ ထည့်သွင်းထားပါတယ်။ ဖုန်း ၂ လုံးရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေက တူညီကြပါတယ်။ Redmi Note 9 Pro မှာ ၆.၆၇ လက်မ LCD FHD+ မျက်နှာပြင်တပ်ဆင်ထားပြီး 20:9 Aspect Ratio ဖြစ်တဲ့အတွက် မျက်နှာပြင်ရှည်လျားပါတယ်။  8nm Snapdragon 720G SoC  မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ ရေစက်ရေပေါက် ခံနိုင်တဲ့ ကိုယ်ထည် တပ်ဆင်ထားပါတယ်။

Dual 4G VoLTE, WiFi 802.11ac , Bluetooth , IR Blaster , USB-C နဲ့ 3.5mm Audio Jack တွေ ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။

Redmi Note 9 Pro အတွက် Aurora Blue, Glacier White နဲ့ Interstellar Black အရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB နဲ့ 6/128GB မော်ဒယ် ၂ ခု ရွေးချယ်နိုင်ပါတယ်။ အိန္ဒိယမှာ ၁၂,၉၉၉ ရူပီးနဲ့ ၁၅,၉၉၉ ရူပီး အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၄ သောင်းနဲ့ ၂ သိန်း ၉ သောင်းလောက်ရှိပါတယ်။ အိန္ဒိယမှာ ၁၇ ရက်နေ့ စရောင်းမှာ ဖြစ်ပါတယ်။

Ref : gsmarena, gizmochina