MIUI 12 ဟာ Android ပေါ်အခြေခံထားတဲ့ Xiaomi ရဲ့ နောက်ဆုံးပေါ်  UI ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းက ကြေညာထားခဲ့တာလည်းဖြစ်ပြီး၊ ဒီနောက်ပိုင်းမှာ အပတ်စဉ်ဆိုသလို သင့်တော်တဲ့ Device တွေအတွက် Beta တွေထုတ်ပေးခဲ့ပါတယ်။

Xiaomi ဟာ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းတွေနဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းတွေကို ဦးစားပေးပြီး MIUI 12 မြှင့်တင်မှုတွေ ပြုလုပ်ပေးနေခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ မော်ဒယ်အဟောင်းတွေနဲ့ ဘက်ဂျက်ဟန်းဆက်တွေကို အဆင့်မြှင့်တင်ပေးဖို့ အလှည့်ရောက်နေပြီ ဖြစ်ပါတယ်။

Redmi Note 9 Pro ကတော့ မတ်လတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး MIUI 12 Update ကို အခုအချိန်မှ ရရှိတာ ဖြစ်ပါတယ်။ Redmi Note 9 ဟာ သြဂုတ်လအစောပိုင်းကတည်းက MIUI 12 Update ကို လက်ခံရရှိခဲ့ပြီး Note 9 စီးရီးတွေထဲမှာ ပထမဆုံး ဖြစ်ခဲ့ပါတယ်။

Note 9 က Update ရပြီး တစ်လလောက်ကျတော့မှ Note 9 Pro က ရလာတာဖြစ်ပါတယ်။ Redmi Note 9 Pro အတွက် MIUI 12 Update ဟာ Build number V12.0.1.0.QJWINXM နဲ့ဖြစ်ပြီး အိန္ဒိယမှာ စတင်ထုတ်ပေးနေတာ ဖြစ်ပါတယ်။ အရွယ်အစားကတော့ 755MB ဖြစ်ပြီး လက်ရှိအချိန်မှာ အိန္ဒိယက သုံးစွဲသူအချို့ကို အကန့်အသတ်နဲ့သာ ထုတ်ပေးသေးတာပါ။ အကယ်၍ အပြစ်အနာအဆာ ကြီးကြီးမားမားမရှိဘူးဆိုရင်တော့ ကျန်သေးတဲ့နောက်ထပ် ဟန်းဆက်တွေကို Update တင်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

Ref: Gizmochina